skip to content
 
ရန်ကုန်၊ ဇန်နဝါရီလ( ၄ )ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့မှပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဌဖလား အလွတ်တန်း ဖိတ်ခေါ်Dance Fit Expo (Myanmar Fitness Dance) ZUMBA ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်မြို့ သဃင်္န်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
 
ရှေးဦးစွာ ရခိုင်တိုင်းရင်းသားရေးရာ အလုပ်သမားနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဒေါက်တာဦးဇော်အေးမောင်က အဖွင့်အမှာစကားပြောကြား၍ မြန်မာနို်င်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်လေး က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
 
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရခိုင်တိုင်းရင်းသားရေးရာ အလုပ်သမားနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဒေါက်တာဇော်အေးမောင်၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နာယကများ၊ ဥက္ကဌ ဒေါ်ခင်လေးနှင့် အမှုဆောင်များက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်၍ အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။
 
ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်သို့ အလှူရှင်များက လှူဒါန်းငွေများပေးအပ်ရာ လွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရခိုင်တိုင်းရင်းသားရေးရာ အလုပ်သမားနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဒေါက်တာဇော်အေးမောင်၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် နာယက ဒေါ်နန်းအေးခိုင်တို့ကလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။
 
ဆက်လက်၍ Fitness Dance များက သရုပ်ပြသပြီး ပြိုင်ပွဲကိုစတင်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၁၅)သင်း၊ စုစုပေါင်း အားကစားသမားဦးရေ (၇၅)ဦးဝင်ရောက်ယှဉ်ပြိုင်ကြပြီး မေလ(၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ဆုပေးပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 

back to top Eng