skip to content
 
ရန်ကုန်၊ အောက်တိုဘာလ(၂၄)ရက်။
 
2020 Tokyo  Olympics and Para- Lympics Games များတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာအားကစားသမားများအား  ဂျပန်နိုင်ငံ၊ ဆိုင်းတမခရိုင်၊  စူရုဂရှိမမြို့ အနေဖြင့် Host  Town အဖြစ် လက်ခံလေ့ကျင့်ပေးနိုင်ရေး ကိစ္စနှင့်ပတ်သက်၍နားလည်မှုစာချွန်လွှာတရားဝင် လက်မှတ်ရေးထိုးပွဲနှင့် စူရုဂရှိမမြို့ နှင့် ဂျိုဆိုင်း တက္ကသိုလ်တို့၌ မြန်မာအားကစားသမား များနေထိုင်မည့် Pre - Games Training Camp  နှင့် Sports  Facilities များသို့ သွားရောက်လေ့လာခြင်း၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံခြင်း၊ စူရုဂရှိမမြို့ရှိ မူလတန်းနှင့်အလယ်တန်းကျောင်းများသို့အောက်တိုဘာ(၂၃)ရက်နေ့ မှ(၂၆)ရက်နေ့အထိ သွားရောက်လေ့လာရန််ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ခေါင်းဆောင်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များလိုက်ပါသော'' Myanmar  Inspection Team''သည် အောက်တိုဘာ(၂၃)ရက် ည(၉)နာရီအချိန်က ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ဂျပန်နိုင်ငံသို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ 
 

back to top Eng