ရန်ကုန်၊ ဒီဇင်ဘာ ၂၂
၂၀၁၉ အာရှ ယူ-၁၆ အမျိုးသမီးချန်ပီယံရှစ် ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ပြင်ဆင်လျက်ရှိသည့် မြန်မာ ယူ-၁၆ အမျိုးသမီးဘောလုံးအသင်းသည် ပြိုင်ပွဲ မတိုင်မီ ဂျပန်နိုင်ငံသို့သွားရောက်၍ လေ့ကျင့်မှုများပြုလုပ်ရန် စီစဉ်နေကြောင်းသိရသည်။
မြန်မာယူ-၁၆အမျိုးသမီးအသင်းသည် အဆိုပါပြိုင်ပွဲအတွက် ဒီဇင်ဘာ ၁၀ရက်မှစ၍ ပဏာမကစားသမား ၂၉ဦးဖြင့်လေ့ကျင့်မှုများပြလုပ်နေခြင်းဖြစ်ပြီး အသင်း၏နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းကတာ၀န်ယူထားသည်။
အာရှ ယူ-၁၆ အမျိုးသမီးချန်ပီယံရှစ် ဒုတိယအဆင့်ခြေစစ်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၃ ရက်အထိ လက်ခံ ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းက အုပ်စု(ခ)၌ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်အသင်းတို့နှင့် အတူကျရောက် နေပြီး ထိပ်ဆုံးနှစ်သင်းက ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
‘ဂျပန်နိုင်ငံမှာ သွားရောက်လေ့ကျင့်ဖို့အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ စာတင်ထားပြီးပါပြီး။ နည်းစနစ်ဌာနက သွားရောက်လေ့ကျင့်ဖို့ခွင့်ပြုရင် ဇန်နဝါရီနောက်ဆုံးပတ်မှာ သွားရောက်လေ့ကျင့်ဖို့ စီစဉ်မှာပါ”ဟု နည်းပြ ဒေါ်စန်းစန်းသိန်းက ပြောသည်။
မြန်မာ ယူ-၁၆ အမျိုးသမီးဘောလုံးအသင်းသည် ပထမအဆင့်ခြေစစ်ပွဲတွင် မလေးရှားအသင်းကို ၃ ဂိုး ဂိုးမရှိ၊ နီပေါအသင်းကို ၁၁ ဂိုး ၁ ဂိုး၊ ဖိလစ်ပိုင် အသင်းကို ၅ ဂိုး ၁ ဂိုး တို့ဖြင့် အနိုင်ရရှိကာ ဒုတိယအဆင့် ခြေစစ်ပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
TZW, Crd: myawadynews