skip to content
 
ရန်ကုန် ဇန်နဝါရီ ၃
 
၂ဝ၁၉ အာရှ ယူ-၁၆ အမျိုးသမီးချန်ပီယံရှစ် ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည့် မြန်မာယူ-၁၆ အမျိုးသမီး အသင်းသည် ဂျပန်နိုင်ငံ၌ လေ့ကျင့်ခြေစမ်းမှုများပြုလုပ်ခွင့်ရရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)သို့ တင်ပြထားကြောင်းသိရသည်။
 
အာရှ ယူ-၁၆ အမျိုးသမီးချန်ပီယံရှစ် ဒုတိယအဆင့်ခြေစစ်ပွဲကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်၃ ရက်အထိ လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေကာ ထိပ်ဆုံးနှစ်သင်းက ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
 
မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ပထမအဆင့်ခြေစစ်ပွဲတွင် မလေးရှား၊ နီပေါ၊ဖိလစ်ပိုင်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး ပွဲတိုင်း အနိုင်ရရှိကာ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ မြန်မာယူ-၁၆ အမျိုးသမီးအသင်းသည် ပဏာမ ကစားသမား၂၉ ဦးဖြင့် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်မှစတင်၍ လေ့ကျင့်မှုများပြုလုပ်နေခြင်းဖြစ်ပြီး နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းက တာဝန်ယူလျက်ရှိသည်။ TZW
 
 
Crd: မြ၀တီသတင်းစာ
 

back to top Eng