skip to content
 
မြိတ်​ ဇူလိုင်​ ၇
 
တနင်္သာရီတိုင်းဒေသကြီး မြိတ်​မြို့တွင် အိုလံပစ်​​နေ့အထိမ်းအမှတ် မိုက္ကရို မာရသွန်ပြိုင်ပွဲကို မြို့နယ်​အားကစားနှင်​့ကာယ​ကော်​ပညာ​ကော်​မတီနှင်​့ မြို့နယ်​ ပြေးခုန်ပစ်​ဆပ်ကော်မတီတို့ ပူ​ပေါင်း၍ ဇူလိုင်​လ(၆)ရက်​​ နံနက်​(၆)နာရီက မြို့မအားကစားကွင်းရှေ့စုရပ်မှ စတင်ကျင်းပခဲ့ရာ ကျောင်းသား/သူ လူငယ်မောင်မယ်(၁၂၀) ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
 
 
 
မိုက္ကရိုမာရသွန်ပြိုင်ပွဲကို ပြေးခုန်ပစ်​ဆပ်ကော်မတီ အတွင်းရေးမှူး ဒေါ်သန်းသန်း က တာလွတ်ပေးခဲ့ပြီး ပြိုင်ပွဲ၀င်များက မြို့မအားကစားကွင်း​ရှေ့ စုရပ်မှ ကန်​ဖျားလမ်းမ၊ ကန်​ဖျား​မြေနီလမ်း၊ ​လေယာဉ်​ကွင်းလမ်း၊ ကန်​ဖျားလမ်းမကြီး၊ ပိ​တောက်​ပင်​လမ်း၊ အရာရှိရိပ်သာလမ်း၊ တပ်​ပြင်​လမ်း၊ ရွှေကျင်တိုက်လမ်း၊ ကွက်​သစ်​/ ထား၀ယ်စု(c)လမ်း၊ ​နာရီစဉ်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ​နောက်​လယ်​(၇)လမ်း၊ ပိတောက်ရွှေဝါလမ်း၊ ပြည်သာယာလမ်း၊ ဦးမြတ်လေးလမ်း၊ ဘုရားကိုင်လမ်း၊ စကားဝါလမ်​း၊ ကရနီမီးပွိုင့်​မှတဆင့် မြို့မအားကစားကွင်း​ရှေ့တွင်​ ပြန်​လည်​ပန်းဝင်​ကြသည်​။
 
 
ထိုနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် ဇွဲဆုရရှိခဲ့ကြ​သော အမျိုးသား(၉)ဦးနှင့် အမျိုးသမီး(၇)ဦး၊ နှစ်​သိမ်​့ဆုရရှိ​သော အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦးတို့ကို ငွေသားဆုများ နှင့် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိ​သော အမျိုးသား၊ အမျိုးသမီးများကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကိုကိုအောင် နှင့် တာ၀န် ရှိသူများ က ငွေသားဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
 
မြိတ် ပြန်/ဆက်

back to top Eng