Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး) ကျောင်းများ၏ အားကစားပြိုင်ပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာလ(၂၈)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာ့အားကစား အစဉ်အမြဲ တိုးတက်စေရေးနှင့် မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ် ထားသော အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊တောင်ကြီး) ကျောင်းများ၏ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အားကစားပြိုင်ပွဲများအား ယနေ့နံနက် (၆း၃ဝ) အချိန်တွင် စတင်ကျင်းပရာ ဝဏ္ဏသိဒ္ဓိပြေးခုန်ပစ်ကွင်း၌ ကျင်းပသော ပြေးခုန်ပစ်ပြိုင်ပွဲများအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး အမျိုးသမီး မီတာ (၅ဝဝဝ)လမ်းလျှောက်ပြိုင်ပွဲတွင် ယခင်စံချိန် (၂၈မိနစ)(ဝဝ.ဝ၆)စက္ကန့်ကို ယခုနှစ် ဇင်ထက်မေ အား/ကာသိပ္ပံ(တောင်ကြီး)မှ (၂၆)မိနစ် (၁၈.၉၈) စက္ကန့်ဖြင့် စံချိန်သစ်တင်ခဲ့ပြီး အမျိုးသားမီတာ(၅ဝဝဝ) လမ်းလျှောက် ပြိုင်ပွဲတွင် ယခင်စံချိန် (၂၃)မိနစ်(၅၆.၂၉)စက္ကန့်ကို ယခုနှစ် မိုင်းညီညီမိုး အား/ကာသိပ္ပံ (တောင်ကြီး)မှ (၂၂)မိနစ်(၄၃.၅၈)စက္ကန့်ဖြင့်စံချိန်သစ်တင်ခဲ့သည်။ဆက်လက်၍ တန်းမြင့်ခုန်(ကျား/မ)ပြိုင်ပွဲ၊ မီတာ(၄ဝဝ)တန်းကျော်ပြေး(ကျား/မ)ပြိုင်ပွဲ၊ သံပြားဝိုင်းပစ်(ကျား/မ)ပြိုင်ပွဲ၊ မီတာ(၂ဝဝ) (ကျား/မ)ပြိုင်ပွဲ၊ အလျားခုန်(ကျား/မ)ပြိုင်ပွဲ၊ မီတာ(၁၅ဝဝ)(ကျား/မ)ပြိုင်ပွဲများကို ကျင်းပ ပြုလုပ်ခဲ့သည်။
ဆက်လက်၍ ဝဏ္ဏသိဒ္ဓိစက်ဘီးလေ့ကျင့်ရေးကွင်းတွင် ကျင်းပလျက်ရှိသော အမျိုးသမီးမီတာ (၅ဝဝ) တစ်ဦးချင်းစံချိန်ပြုပြိုင်ပွဲတွင် ယခင်စံချိန်(၄၁.၇၇)စက္ကန့်ကို ယခုနှစ် ကျော့ကေခိုင်အား/ကာသိပ္ပံ (မန္တလေး)မှ (၄၁.၇၄)ဖြင့်လည်းကောင်း၊ အမျိုးသမီးအသင်းလိုက် (၂၁)ကီလိုမီတာစံချိန်ပြုပြိုင်ပွဲတွင် ယခင်စံချိန်(၃၄)မိနစ် (၂၈.၉၄)စက္ကန့်ကို အား/ကာသိပ္ပံ (မန္တလေး)မှ(၃၂)မိနစ် (၄၉.၆၉)စက္ကန့်ဖြင့်လည်းကောင်း၊ အမျိုးသားအသင်းလိုက် (၃ဝ)ကီလိုမီတာစံချိန်ပြုပြိုင်ပွဲတွင် ယခင်စံချိန်(၄၁)မိနစ်(ဝ၁.၁၁)စက္ကန့်ကို အား/ကာ(ရန်ကုန်) မှ(၄ဝ)မိနစ် (၂၅.၅ဝ)စက္ကန့်ဖြင့်လည်းကောင်း၊ အမျိုးသမီး(၃)ကီလိုမီတာစံချိန်ပြုပြိုင်ပွဲတွင် ယခင်စံချိန်(၄)မိနစ် (၄ဝ.ဝဝ)စက္ကန့်ကို ကျော့ကေခိုင် အား/ကာသိပ္ပံ(မန္တလေး) (၄)မိနစ်(၃၃.၇၁)စက္ကန့်၊ ဝေဝေထွန်းအား/ကာ(ရန်ကုန်) (၄)မိနစ် (၃၆.၁၂)စက္ကန့်၊ စုလင်းလဲ့အား/ကာ(ရန်ကုန်)မှ (၄)မိနစ် (၃၉.၅၁)စက္ကန့်ဖြင့်လည်းကောင်း၊ အမျိုးသမီး(၉)ကီလိုမီတာအသင်းလိုက်စံချိန်ပြုပြိုင်ပွဲတွင် ယခင်စံချိန်(၁၄)မိနစ် (၁၈.၁၁)စက္ကန့် ကိုအား/ကာသိပ္ပံ(မန္တလေး)မှ (၁၃)မိနစ် (၄၆.၄၃)စက္ကန့်ဖြင့်လည်းကောင်း၊ အမျိုးသား(၁၅) ကီလိုမီတာပြိုင်ပွဲတွင် ယခင်စံချိန် (၂ဝ)မိနစ် (ဝ၉.၂၈)စက္ကန့်ကို ယခုနှစ် (၁၉)မိနစ် (၄ဝ.၂ဝ) စက္ကန့်ဖြင့်လည်းကောင်း အသီးသီးစံချိန်သစ်တင်နိုင်ခဲ့သည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်သည် နံနက်(၁ဝ)နာရီအချိန်တွင် လယ်ဝေးအားကစားလေ့ကျင့်ရေးစခန်း TC-2 ၌ကျင်းပလျက်ရှိသော အလေးမပြိုင်ပွဲ ဗိုလ်လုပွဲ စဉ်များအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ TC-1 လေ့ကျင့်ရေးရုံ၌ အမျိုးသမီးဘောလီဘောပြိုင်ပွဲတွင် အား/ကာသိပ္ပံ(မန္တလေး)အသင်းနှင့် အား/ကာသိပ္ပံ(မော်လမြိုင်)အသင်း၊ အား/ကာသိပ္ပံ (ရန်ကုန်)နှင့် အား/ကာသိပ္ပံ(တောင်ကြီး)၊ အမျိုးသားဘော်လီလောပြိုင်ပွဲတွင် အား/ကာသိပ္ပံ (မန္တလေး)အသင်းနှင့် အား/ကာသိပ္ပံ(မော်လမြိုင်)အသင်း၊ အား/ကာသိပ္ပံ (ရန်ကုန်)အသင်းနှင့် အား/ကာသိပ္ပံ(တောင်ကြီး)အသင်းတို့ အသီးသီး ယှဉ်ပြိုင်ခဲ့သည်။
ဆက်လက်၍ Cluster (3) လေ့ကျင့်ရေးရုံ၌ စားပွဲတင်တင်းနစ်ပြိုင်ပွဲကိုလည်းကောင်း၊ TC-1 လေ့ကျင့်ရေးရုံ၌ တိုက်ကွမ်ဒိုပြိုင်ပွဲကို လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ရေကူးပြိုင်ပွဲကိုလည်းကောင်း၊ TC-1 လေ့ကျင့်ရေးရုံ၌ ပိုက်ကျော်ခြင်းပြိုင်ပွဲကိုလည်းကောင်း၊ TC-1 လက်ဝှေ့ပြိုင်ပွဲရုံ၌ လက်ဝှေ့ပြိုင်ပွဲများကို အသီးသီး ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းနောက် ပြေးခုန်ပစ်ပြိုင်ပွဲ၊ စက်ဘီးပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲ၊ အလေးမပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများမှ အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
8 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display