Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၈ခုနှစ်၊ (၂၄)ကြိမ်မြောက်တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(AEROBIC) ပြိုင်ပွဲ၊ဗိုလ်လုပွဲများနှင့် ဆုပေးပွဲကျင်းပ
ရန်ကုန်၊ နိုဝင်ဘာလ( ၇ )ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ပူးပေါင်း ကျင်းပသည့် ၂ဝ၁၈ခုနှစ်၊ (၂၄)ကြိမ်မြောက်တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (
AEROBIC
) ပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုပေးပွဲများကို ယနေ့နံနက်(၉)နာရီမှစတင်ကာ ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆုပေးပွဲများမစတင်မီ ဗိုလ်လုပွဲများကို ကျင်းပရာ အမျိုးသမီးအကြီးတန်း(၉) ယောက်တွဲ ဗိုလ်လုပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းစိတ်ကြိုက်စွမ်းရည်ပြ ဗိုလ်လုပွဲနှင့် Myanmar Fitness Dance ပြိုင်ပွဲတွင် ပထမဆုမှ တတိယဆု ထိရရှိကြ သည့် အသင်းများက သရုပ်ပြသခဲ့ကြသည်။
ဆက်လက်ပြီးဆုပေးပွဲများကိုကျင်းပရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်းများအား ပြိုင်ပွဲအထိမ်းအမှတ်လက်ဆောင်အရုပ်လေးများကို မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များက ပေးအပ်၍လည်းကောင်း၊ အမျိုးသမီး (၉)ယောက်တွဲအငယ်တန်းပြိုင်ပွဲတွင် ပထမဆုရ ကချင်ပြည်နယ်အသင်း၊ ဒုတိယဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရ စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ စတုတ္ထဆုရ ကရင်ပြည်နယ်အသင်းနှင့် ပဉ္စမဆုရ မွန်ပြည်နယ်အသင်းတို့အားလည်းကောင်း၊ အမျိုးသမီး အကြီးတန်း(၉)ယောက်တွဲပြိုင်ပွဲ၌ ပထမဆုရ ကချင်ပြည်နယ်အသင်း၊ ဒုတိယဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရ စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ စတုတ္ထဆုရ မွန်ပြည်နယ်အသင်း နှင့် ပဉ္စမဆုရ ကရင်ပြည်နယ်အသင်းတို့အားလည်းကောင်း၊ အမျိုးသမီး (၃)ယောက်တွဲပြိုင်ပွဲ၌ ပထမဆုရ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရ ကချင်ပြည်နယ်အသင်း၊ တတိယဆုရ စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ စတုတ္ထဆုရ ကရင်ပြည်နယ်အသင်းနှင့် ပဉ္စမဆုရ ရခိုင်ပြည်နယ်အသင်းတို့အားလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်းစိတ်ကြိုက်စွမ်းရည်ပြိုင်ပွဲ၌ ပထမဆုရ သဲစု(ရန်ကုန်တိုင်း ဒေသကြီး)၊ ဒုတိယဆုရ စန္ဒာပြည့် (ကချင်ပြည်နယ်)၊ တတိယဆုရ ဖြိုးပပသော် (စစ်ကိုင်းတိုင်းဒေသကြီး)၊ စတုတ္ထဆုရ အေးအေးစိုး(ရခိုင်ပြည်နယ်) နှင့် ပဉ္စမဆုရ နှင်းနန္ဒာကျော် (မန္တလေးတိုင်းဒေသကြီး)တို့မှ လည်းကောင်း၊
Myanmar Fitness Dance
ပြိုင်ပွဲ၌ ပထမဆုရ (ရန်ကုန်တိုင်းဒေသကြီးအသင်း)၊ ဒုတိယဆုရ (ကချင်ပြည်နယ်)၊ တတိယဆုရ(ကရင်ပြည်နယ်)၊ စတုတ္ထဆုရ မွန်ပြည်နယ်နှင့် ပဉ္စမဆုရ (မန္တလေးတိုင်းဒေသကြီး) အသင်းတို့မှလည်းကောင်း ဆုများအသီးသီးရရှိကြရာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နာယက ဒေါ်နန်းအေးခိုင်နှင့် နာယကအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်လေး၊ ဒုတိယဥက္ကဌ ဒေါ်ချိုချိုလွင်နှင့် တာဝန်ရှိသူများက ဆုတံဆိပ်လည်ဆွဲနှင့် ငွေသားဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။
ဆက်လက်ပြီး ၂ဝ၁၈ခုနှစ်အတွက် (၂၄)ကြိမ်မြောက်တိုင်းဒေ
သကြီးနှင့်ပြည်နယ် စုပေါင်းတံခွန်စိုက်ဒိုင်းဆုကို ကရင်ပြည်နယ်အသင်းက ရမှတ်(၃)မှတ်ဖြင့် စတုတ္ထ၊ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းက ရမှတ် (၁၉)မှတ်ဖြင့်တတိယ၊ ကချင်ပြည်နယ်အသင်းက ရမှတ်(၄၁)မှတ် ဖြင့် ဒုတိယနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းက ရွှေ(၃)၊ ငွေ(၂) ရမှတ်စုစုပေါင်း (၄၄)မှတ်ဖြင့် ပထမစုပေါင်းတံခွန်စိုက်ဆုကြီးကို ရရှိသွားရာ အဆိုပါ စုပေါင်းတံခွန်စိုက်ဆုကြီးအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးမှ ဆုချီးမြှင့်ပေးခဲ့သည်။
အဆိုပါတိုင်းဒေသကြီးနှင့်ပြည်နယ် (Aerobic) ပြိုင်ပွဲတွင် (၉)ယောက်တွဲ အငယ်တန်း ၊ (၉)ယောက်တွဲအကြီးတန်း၊
Myanmar Fitness Dance
ပြိုင်ပွဲများတွင် ပထမ မှ ပဉ္စမအထိ စုစုပေါင်း ဂုဏ်ပြုဆုငွေ (၃၆)သိန်း၊ (၃)ယောက်တွဲပြိုင်ပွဲတွင် ပထမ မှ ပဉ္စမအထိ စုစုပေါင်းဂုဏ်ပြုဆုငွေ (၇)သိန်း(၂)သောင်းနှင့် တစ်ဦးချင်းပြိုင်ပွဲအတွက် စုစုပေါင်းဂုဏ်ပြု ဆုငွေ (၁)သိန်း(၂)သောင်း၊ စုစုပေါင်း ဂုဏ်ပြုဆုငွေ (၄၅)သိန်း ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
25 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display