Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အလေးမပြိုင်ပွဲ ဆက်လက်ကျင်းပ
နေပြည်တော်၊ စက်တင်ဘာလ(၆)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အလေးမပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစား လက်ဝှေ့ရုံ၌ ကျင်းပ ပြုလုပ်ရာ
အမျိုးသား(၆၉)ကီလိုတန်းပြိုင်ပွဲတွင် ဝင်းသော်(ကချင်)မှ ပထမ ၊ ဝေဖြိုးအောင်ပိုင် (ရန်ကုန်)မှဒုတိယနှင့် စောသိုက်စိန်(ဧရာဝတီ) မှ တတိယကိုလည်းကောင်း၊ အမျိုးသမီး(၅၈) ကီလို တန်းပြိုင်ပွဲတွင် ဆုမြတ်မွန်(ရန်ကုန်)မှ ပထမ ၊ နော်ဆာမူဖောဝါး(ရန်ကုန်)မှ ဒုတိယနှင့် မိုင်မိုးသီတာအေး(နေပြည်တော်)မှ တတိယကိုလည်းကောင်း၊ အမျိုးသား (၇၇)ကီလိုတန်း ပြိုင်ပွဲတွင် ဝေယံဖြိုး(နေပြည်တော်)မှပထမ၊ နိုင်ရွွှေထက်(ဧရာဝတီ)မှ ဒုတိယနှင့် ခွန်မောင်ခင် (ဧရာဝတီ)မှ တတိယကိုလည်းကောင်း အသီးသီးရရှိခဲ့ပြီး ဆုများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများကအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပါသည်။
ညနေပိုင်းပွဲစဉ်တွင် အမျိုးသမီး(၆၃)ကီလိုတန်း အလေးမပြိုင်ပွဲ ဆက်လက် ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
အဆိုပါအလေးမပြိုင်ပွဲ အမျိုးသား(၈၅)ကီလိုတန်း၊ (၉၄)ကီလိုတန်း၊ (၁ဝ၅)ကီလိုတန်း၊ (+၁ဝ၅)ကီလိုတန်းနှင့် အမျိုးသမီး(၆၉)ကီလိုတန်း၊ (၇၅)ကီလိုတန်း၊ (၉ဝ)ကီလိုတန်း၊ (+၉ဝ)ကီလိုတန်းပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားလက်ဝှေ့ရုံတွင် (၇.၉.၂ဝ၁၈)ရက်နေ့ နံနက် (၇)နာရီအချိန်မှ စတင်ပြီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီး ညနေ(၃)နာရီအချိန်တွင် ဆုပေးပွဲအခမ်းအနားအား ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်းသိရှိရပါသည်။
10 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display