(၃ဝ.၉.၂ဝ၁၈)ရက်နေ့ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ အမျိုးသမီးဗိုလ်လုပွဲအဖြစ် နံနက်(၉)နာရီအချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။