နေပြည်တော်၊ဇူလိုင်လ(၈)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲများအဖြစ် ယနေ့နံနက်(၉:ဝဝ)နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ အမျိုးသား(၂)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲများအပြီးတွင် မွန်ပြည်နယ်အသင်းမှ ပဲခူးတိုင်းဒေသကြီးအသင်းကို (၂:ဝ)ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ မကွေးတိုင်းဒေသကြီးအသင်းကို (၂:၁) ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂:ဝ) ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရခိုင်ပြည်နယ်အသင်းကို (၂:ဝ) ဖြင့်လည်းကောင်း၊ အမျိုးသမီး(၂)ယောက်တွဲ အဖွဲ့လိုက် ပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အသင်းမှ ကချင်ပြည်နယ်အသင်းကို (၂:ဝ) ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းမှ မွန်ပြည်နယ်အသင်းကို (၂:ဝ) ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ ဧရာဝတီတိုင်းဒေသ ကြီးအသင်းကို (၂:ဝ) ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ နေပြည်တော်အသင်းကို (၂:ဝ) ဖြင့်လည်းကောင်း၊ အကြိုဗိုလ်လုပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ မကွေးတိုင်း ဒေသကြီးအသင်းကို (၂:ဝ) ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ ရန်ကုန်တိုင်းဒေသကြီး အသင်းကို (၂:ဝ) ဖြင့်လည်းကောင်းအသီးသီး အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါအမျိုးသား (၂)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲ၊ တတိယလုပွဲ၊ ဗိုလ်လုပွဲ ပွဲစဉ်များ၊ အမျိုးသမီး (၂)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ၏ တတိယလုပွဲ၊ ဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဆုပေးပွဲများကို (၉.၇.၂ဝ၁၈) ရက်နေ့တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ဆက်လက်၍ အမျိုးသား(၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲနှင့် အမျိုးသမီး ( ၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများကို (၉.၇.၂ဝ၁၈) ရက်နေ့ နံနက် (၉:ဝဝ)နာရီအချိန် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ဆက်လက်ယှဉ်ပြိုင် သွားမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသူ မိဘပြည်သူ များ အနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။