skip to content

နေပြည်တော်၊ဇူလိုင်လ(၂၆)ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မျိုးဆက်သစ် တိုက်ကွမ်ဒို အားကစား သမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲများကို ယနေ့နံနက်(၉:ဝဝ)နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ  (B)၌ ကျင်းပရာ ယနေ့နောက်ဆုံး ဗိုလ်လုပွဲပြိုင်ပွဲများအဖြစ် (-၄၆) ကီလိုပင်းဝိတ်တန်း အမျိုးသမီးတစ်ဦးချင်းအတိုက်ပြိုင်ပွဲတွင် ငြိမ်းသဇင်(ကယား)မှ ထွေးထွေးမာ (မကွေး) ကိုလည်းကောင်း၊ (၅၃-၅၇)ကီလိုဖယ်သာဝိတ်တန်း အမျိုးသမီးတစ်ဦးချင်း အတိုက် ပြိုင်ပွဲတွင် မူခံကောင်း(ရှမ်း)မှ သိမ့်သိမ့်ဖြိုးဝေ (နေပြည်တော်) ကိုလည်းကောင်း၊ (၅၈-၆၃)ကီလို ဘင်တန်ဝိတ်တန်း အမျိုးသားတစ်ဦးချင်းအတိုက်ပြိုင်ပွဲတွင် အောင်စည်သူ(မွန်)မှ မြင့်ကျော်(ကယား) တို့အား လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။

ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ  (-၄၆)ကီလို ပင်းဝိတ်တန်း အမျိုးသမီးတစ်ဦးချင်းအတိုက်ပြိုင်ပွဲ၊ (၅၃-၅၇)ကီလိုဖယ်သာဝိတ်တန်း အမျိုးသမီးတစ်ဦးချင်း အတိုက်ပြိုင်ပွဲ၊ (၅၈-၆၃)ကီလိုဘင်တန်ဝိတ်တန်းအမျိုးသားတစ်ဦးချင်းအတိုက်ပြိုင်ပွဲ၊ အမျိုးသမီး အသင်းလိုက် ကကွက်ပြိုင်ပွဲနှင့် အမျိုးသားအသင်းလိုက်ကကွက်ပြိုင်ပွဲများတွင် ဆုရရှိသူများအား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး ၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင််ရာကော်မတီအဖွဲ့ဝင်များမှ လည်းကောင်း၊ အမျိုးသားအကောင်းဆုံး အားကစားသမားဆု  ရရှိသွားသော (၅၈-၆၃) ကီလိုဘင်တန်ဝိတ်တန်းမှ အောင်စည်သူ(မွန်)နှင့် အမျိုးသမီးအကောင်းဆုံး အားကစားသမားဆုရရှိသွားသော (၅၃-၅၇)ကီလို ဖယ်သာဝိတ်တန်းမှ  မူခံကောင်း(ရှမ်း)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဆုဖလားနှင့် အမျိုးသမီးတံခွန်စိုက်ဆုဖလား ရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးမှလည်းကောင်း၊ စုပေါင်းတံခွန်စိုက် ဆုဖလားရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

 


back to top Eng