နေပြည်တော်၊စက်တင်ဘာလ (၆)ရက်။
၂ဝ၁၉ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ဆက်လက်ယှဉ် ပြိုင်ကစားရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွန်ကြား ရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။
ယနေ့ယှဉ်ပြိုင်ကစားသော အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်အဖြစ် ပညာရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနအသင်းမှ (၂၅-၂)မှတ်၊ (၂၅-၅)မှတ်၊ (၂၅-၁ဝ)မှတ်ဖြင့် လည်းကောင်း၊ ဆက်လက်၍ အမျိုးသားပြိုင်ပွဲ ပွဲစဉ်များအဖြစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းမှ (၂၅-၉) မှတ်၊ (၂၅-၆)မှတ်၊ (၂၅-၁ဝ)မှတ်ဖြင့် လည်းကောငး်၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ (၂၅-၁၆)မှတ်၊ (၂၆-၁၅) မှတ်၊ (၂၅-၁၆)မှတ်ဖြင့် လည်းကောငး် အသီးသီးအနိုင်ရရှိသွားပါသည်။
၂ဝ၁၉ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို (၄.၉.၂ဝ၁၉)ရက်နေ့မှ (၁၃.၉.၂ဝ၁၉)ရက်နေ့အထိ နေ့စဉ်နံနက်(၈)နာရီမှစ၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဘော်လီဘော အားကစားနည်းကို စိတ်ပါဝင်စားသော မိဘ ပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။