skip to content
 
 
ရန်ကုန်    ဇန်နဝါရီ    ၁ဝ
 
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပမည့် ၂ဝ၁၉ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲများကို အခမဲ့ရုပ်သံလိုင်းဖြစ်သည့် MRTV-4 ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
 
၂ဝ၁၉ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို ဇန်နဝါရီ ၁၂ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါ ပွဲစဉ်များကို MRTV-4 ရုပ်သံလိုင်းမှ အပတ်စဉ် နှစ်ပွဲနှုန်းဖြင့် ထုတ်လွှင့်ပြသမည့်အပြင် My  Sports FB  မှလည်း Live Stream ပြသပေးမည်ဖြစ်သည်။
 
မြန်မာနေရှင်နယ်လိဂ်  ပွဲစဉ်(၁)တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း၊ စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ဒဂုံအသင်းနှင့်  ဇွဲကပင်ယူနိုက်တက်အသင်း၊   ဆောက်သမ်မြန်မာအသင်းနှင့် ချင်းလန်းအသင်း၊ ရတနာပုံအသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း၊  ရခိုင်ယူနိုက်တက်အသင်းနှင့် မကွေးအသင်းတို့  ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
 
 
Crd:မြ၀တီသတင်းစာ
 

back to top Eng