နေပြည်တော်၊ နို၀င်ဘာလ(၁)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက်(၇:၃၀)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ယှဉ်ပြိုင်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ရှမ်းပြည်နယ်အသင်းကို (၃)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ညနေ(၃:၀၀)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၁)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့်ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ (၂)ဂိုးစီ သရေဖြင့်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃)၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကြရာ (၂)ဂိုးစီ သရေဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
(၂.၁၁.၂၀၁၈)ရက်နေ့တွင် နံနက်(၇:၃၀)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃) ၌ ရခိုင်ပြည်နယ်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့သည်လည်းကောင်း၊ ညနေ(၃:၀၀)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိ လေ့ကျင့်ရေးကွင်း(၁)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့သည်လည်းကောင်း၊ ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃)၌ ဧရာ၀တီတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်အသင်း တို့သည်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။