Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂၀၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာလ(၂၈)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်တို့ပူးပေါင်း၍ကျင်းပသော ၂၀၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၈)နာရီအချိန်တွင် နေပြည်တော် ဝူရှူ လေ့ကျင့်ရေးရုံ၊ လယ်ဝေး၌ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့်တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြိုင်ပွဲ၀င်အသင်းများ ကွင်းအတွင်း၀င်ရောက်နေရာယူပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကျင်းပရခြင်းမှာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေရေးအတွက် အထောက်အကူပြုစေရေး၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေး ဝူရှူးအားကစားကို Mass Sport အဖြစ် ကျယ်ပြန့်လာစေရေးအတွက်ရည်ရွယ်ပါကြောင်း၊ ဝူရှူးအားကစားနည်းသည် လူငယ်/လူရွယ်များအကြား စိတ်၀င်စားသောကိုယ်ခံပညာရပ်ဖြစ်ပြီး နည်းစနစ်ပိုင်း ကျွမ်းကျင်မှု၊ ဇွဲ၊ သတ္တိ၊ လုံ့လဝီရိယနှင့် ပြည့်၀လျှင် ထူးချွန်နိုင်သော အားကစားနည်းတစ်ရပ်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားမောင်မယ်များသည် မိမိတို့၏အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်သောအသင်းအောင်နိုင်ရေးအတွက် အနိုင်မခံ အရှုံးမပေးဘဲ ဇွဲ၊ စိတ်ဓါတ်ဖြင့် သန့်ရှင်းစွာ ယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ အားကစားသမားအချင်းချင်း တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး စည်းကမ်းနှင့်အညီ ပြည်ထောင်စုစိတ်ဓါတ်ကို ဖော်ဆောင်သွားကြစေလိုကြောင်း၊ ပြိုင်ပွဲကြီးကြပ်မည့် ဒိုင်လူကြီးများအနေဖြင့် ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တရားမျှတမှန်ကန်စွာဖြင့် တိကျစွာ ဆုံးဖြတ်ဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းမှာကြားရင်း ၂၀၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှွှန်ကြားရေးမှူးချုပ်နှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှတာ၀န်ရှိသူများသည် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ချန်းချွမ်(အမျိုးသား)ပြိုင်ပွဲနှင့် ဆန်းဆိုပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
ဆက်လက်၍ ၂၀၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲကို နေပြည်တော် ဝူရှူးလေ့ကျင့်ရေးရုံ၊ လယ်ဝေး၌ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်း(၁၃)သင်း၊ အားကစားသမား(၁၅၆)ဦးတို့သည် (၂၈.၁၂.၂၀၁၈) ရက်နေ့ မှ(၃၀.၁၂.၂၀၁၈)ရက်နေ့အထိ အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကိုစိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို
အခမဲ့
လာရောက် ကြည့်ရှုနိုင်ကြောင်းသိရှိရပါသည်။
2 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display