skip to content
 
နေပြည်တော် နိုဝင်ဘာ (၁၂)။
 
၂၀၁၈ခုနှစ် နေပြည်တော်ကောင်စီဥက္ကဌဖလား မြို့နယ်ပေါင်းစုံအသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ(၀၃:၀၀)နာရီက ပေါင်းလောင်းအားကစားကွင်းတွင်ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဌကိုယ်စား နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း တက်ရောက်အမှာစကားပြောကြား၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။ ထို့နောက် ကောင်စီဝင်မှအသင်းများအား လိုက်လံနှုတ်ဆက်သည်။ အခမ်းအနားသို့ နေပြည်တော်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ၊ (၈)မြို့နယ်မှ ဘောလုံးအသင်းများ၊ ဝါသနာရှင်ပြည်သူများတက်ရောက်ကြသည်။ ဖွင့်ပွဲအပြီး ပြိုင်ပွဲကိုကျင်းပရာ ဇမ္ဗူသီရိမြို့နယ်အသင်းနှင့်ဇေယျာသီရိမြို့နယ်အသင်းတို့ယှဉ်ပြိုင်ကစားကြပြီး ဇေယျာသီရိမြို့နယ်အသင်းမှ (၃)ဂိုး(၁)ဂိုးဖြင့်အနိုင်ရရှိသွားသည်။ ပြိုင်ပွဲကိုနိုဝင်ဘာ(၂၉)ရက်ထိကျင်းပသွားမည်ဖြစ်သည်။
 
 

back to top Eng