Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဒိုင်းဆုအား ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဆွတ်ခူးရရှိ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် တက်ရောက်ဆုချီးမြှင့်
နေပြည်တော်၊ အောက်တိုဘာ (၂၅)ရက်။
၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်တွင် နေပြည်တော်၊ ငလိုက်ဆည်တွင်ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးထွန်းဦးနှင့် တာ၀န်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရိုးရာလှေအမျိုးသား (၇)တက်မီတာ(၂၀၀)ပြိုင်ပွဲ၊ ရိုးရာလှေ အမျိုးသမီး(၇)တက်မီတာ(၂၀၀)ပြိုင်ပွဲ၊ ရိုးရာလှေအမျိုးသား (၁၀)တက်မီတာ(၂၀၀)ပြိုင်ပွဲ၊ ရိုးရာလှေ အမျိုးသမီး(၁၀)တက်မီတာ(၂၀၀) ပြိုင်ပွဲ၊ ရိုးရာလှေ အမျိုးသား/အမျိုးသမီး (၁၀)တက် မီတာ(၂၀၀) ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ရိုးရာလှေ အမျိုးသမီး(၁၀)တက်မီတာ(၂၀၀)ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ စံချိန်(၁:၀၀.၆၂)စက္ကန့်ဖြင့်ပထမ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စံချိန်(၁:၀၁.၅၇)စက္ကန့်ဖြင့် ဒုတိယ၊ ဧရာ၀တီတိုင်းဒေသကြီးအသင်းမှ စံချိန် (၁:၀၂.၁၇)စက္ကန့်ဖြင့်တတိယတို့အားလည်းကောင်း၊ ရိုးရာလှေ အမျိုးသမီး(၇)တက်မီတာ(၂၀၀)ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ စံချိန်(၅၃.၁၃)စက္ကန့်ဖြင့်ပထမ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စံချိန်(၅၃.၅၁)စက္ကန့်ဖြင့်ဒုတိယ၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ စံချိန်(၅၅.၈၈)စက္ကန့်ဖြင့် တတိယတို့အားလည်းကောင်း၊ ရိုးရာလှေအမျိုးသား (၇)တက်မီတာ(၂၀၀)ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ စံချိန်(၄၄.၀၄)စက္ကန့်ဖြင့်ပထမ၊ ဧရာ၀တီတိုင်းဒေသကြီးအသင်းမှ စံချိန်(၄၄.၆၄)စက္ကန့်ဖြင့် ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စံချိန်(၄၇.၁၆)စက္ကန့်ဖြင့် တတိယတို့အား တာ၀န်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ရိုးရာလှေအမျိုးသား (၁၀)တက်မီတာ(၂၀၀)ပြိုင်ပွဲတွင် ဧရာ၀တီတိုင်းဒေသကြီးအသင်းမှ စံချိန်(၅၂.၈၃)စက္ကန့်ဖြင့်ပထမ၊ ရှမ်းပြည်နယ်အသင်းမှ စံချိန်(၅၃.၄၁)စက္ကန့်ဖြင့်ဒုတိယ၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ စံချိန် (၅၄.၀၀)စက္ကန့်ဖြင့်တတိယတို့အား မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးထွန်းဦးမှလည်းကောင်း၊
ဆက်လက်၍ ရိုးရာလှေ အမျိုးသား/အမျိုးသမီး(၁၀)တက် မီတာ(၂၀၀)ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စံချိန်(၅၅.၉၀)စက္ကန့်ဖြင့်ပထမ၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ စံချိန်(၅၆.၂၀)စက္ကန့်ဖြင့် ဒုတိယ
ရှမ်းပြည်နယ်အသင်းမှစံချိန်(၅၆.၉၃)စက္ကန့်ဖြင့်တတိယတို့အား အားကစား
နှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ရွှေ(၂)ခု၊ ကြေး(၂)ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုရရှိသော မန္တလေးတိုင်းဒေသ ကြီးအသင်း၊ ရွှေ(၂)ခု၊ ငွေ(၁)ခု၊ ကြေး(၁)ခုဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိသော ဧရာ၀တီတိုင်းဒေသကြီးအသင်း၊ ရွှေ(၃)ခု၊ ငွေ(၄)ခု၊ ကြေး(၂)ဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
9 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display