Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကျင်းပ
ရန်ကုန်၊ ဇွန်လ( ၂၃ )ရက်။
အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုများကို နှစ်စဉ်နှစ်တိုင်း ဇွန်လ(၂၃)ရက်နေ့တွင်ကျရောက်ပြီး အိုလံပစ်နေ့ကို ဂုဏ်ပြုတဲ့အနေဖြင့် အဖွဲ့၀င်နိုင်ငံအသီးသီးမှာ အားကစားပြိုင်ပွဲများကျင်းပပြုလုပ်ပြီး ဂုဏ်ပြုကြတဲ့ အစဉ်အလာအရ မြန်မာနိုင်ငံ၌လည်း အိုလံပစ်နေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုများကို အားကစားအဖွဲ့ချုပ်များနှင့်ပူးပေါင်းကာ အားကစားပြိုင်ပွဲများ၊ စုပေါင်းလမ်းလျှောက်ပွဲများ၊ အားကစားသရုပ်ပြသခြင်းများဖြင့် စည်ကားစွာကျင်းပပြုလုပ်ခဲ့ပါသည်။
အိုလံပစ်ပွဲတော်ကို နှစ်ပေါင်း(၇၀၀)ကျော်လောက်က ဂရိနိုင်ငံ၊ အိုလံပီယာတောင်ခြေ၌ သဘာ၀ဘေးအန္တရယ်ကြားထဲကနေကျင်းပခဲ့ပြီး ဘီစီ(၇၇၆)က ဂရိနိုင်ငံမှာ အားကစားနည်း(၅)မျိုးနှင့် အိုလံပစ်ပွဲကို လူမျိုးဘာသာမခွဲခြားဘဲ ကျင်းပခဲ့ပါသည်။ အိုလံပစ်ပွဲကျင်းပနေချိန်အတွင်းမှာ စစ်ဖြစ်နေရင်တောင် စစ်ပွဲရပ်စဲပြီး ကျင်းပခဲ့ရာမှစတင်ပြီး အေဒီ(၃၀၀)နောက်ပိုင်းမှာ ရှေးခေတ်အိုလံပစ်ပျက်သုန်းပျောက်ကွယ်ကာ နိဂုံးချုပ်ခဲ့ပါသည်။ ၁၈၉၄ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့မှ စတင်ကာ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီကို စတင်ဖွဲ့စည်းပြီး ၄င်းနေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်(၆)နာရီက ရန်ကုန်မြို့၊အနောက်မြင်းပြိုင်ကွင်းလမ်း ကျိုက္ကဆံကွင်းဂိတ်အမှတ်(၉)၌ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌဦးလင်းနိုင်မြင့် တက်ရောက်ပါ၀င်ဆင်နွှဲခဲ့သည်။
စုပေါင်းလမ်းလျှောက်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လူမှုရေး၀န်ကြီးဦးနိုင်ငံလင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ နှင့် အလုပ်အမှုဆောင်များ၊ ဖိတ်ကြားထာသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ အားကစားမောင်/မယ်များ၊ အားကစားနည်းပြဆရာများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ မြန်မာနိုင်ငံခြေလျင်တောင်တက်အဖွဲ့၀င်များ၊ ရန်ကုန်ပညာရေးကောလိပ်မှ သင်တန်းသား/သင်တန်းသူများ၊ပြည်သူများစုစုပေါင်း အင်အား (၂၀၀၀)ကျော်ခန့် စုပေါင်းလမ်းလျှောက်ပွဲသို့ တစ်ပျော်တစ်ပါး ပါ၀င်ဆင်နွှဲခဲ့ကြသည်။
အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ဦးဆောင်သော စုပေါင်းလမ်းလျှောက်ပွဲကို ကျိုက္ကဆံဂိတ်အမှတ်(၉)ရှေ့၌စတင်တာလွှတ်ရာ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း မှ သေနတ်ပစ်ဖောက်တာလွှတ်ပေးပြီး စုပေါင်းလမ်းလျှောက်ပွဲကိုစတင်ကာ အနောက်မြင်းပြိုင်ကွင်းမှတစ်ဆင့် အရှေ့မြင်းပြိုင်ကွင်းလမ်းတစ်လျှောက် လမ်းလျှောက်ကာ တောင်မြင်းပြိုင်ကွင်းလမ်းရှိ ဂိတ်အမှတ်(၆)မှ ကျိုက္ကဆံကွင်းအတွင်းသို့ ပြန်လည်၀င်ရောက် ပန်း၀င်ကြပြီး အလှူရှင်များမှ အင်အားဖြည့် အချိုရည်နှင့် ရေသန့်များ တိုက်ကျွေးခဲ့ပါသည်။
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အားကစားအဖွဲ့ချုပ်များမှ သတ်မှတ်ထားသော အားကစားကွင်း/အားကစားရုံများ၌ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများအဖြစ် စက်ဘီး၊ ကြက်တောင်၊ ဘော်လီဘော၊ ရွက်လှေ၊ မသန်စွမ်းအားကစားပြိုင်ပွဲများ၊ ရှီရွမ်၊ ဘတ်စကက်ဘော၊ ခြင်းလုံး၊ ဗိုဗီနမ်၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲများ၊ ကရာတေးပြိုင်ပွဲများ၊ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် ဘိုလင်းပြိုင်ပွဲများအသီးသီးကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသူများအား သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် အမှုဆောင်များက အိုလံပစ်နေ့အထိမ်းအမှတ်ဆုများ ချီးမြှင့်ပေးခဲ့ကြောင်းသတင်းရရှိသည်။
32 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display