skip to content
 
နေပြည်တော်၊စက်တင်ဘာ(၁၂)ရက်။    
 
၂၀၁၉ခုနှစ်၊ ၀န်ကြီးဌာနပေါင်းစုံဘော်လီဘော(အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်ကို ယနေ့နံနက်(၈)နာရီခွဲအချိန်မှစတင်၍ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိပါသည်။
 
ယနေ့ယှဉ်ပြိုင်ကစားသော (အမျိုးသမီး)ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေး၀န်ကြီးဌာနအသင်းမှ (၂၄-၂၆)မှတ်၊ (၂၅-၁၉)မှတ်၊ (၂၅-၂၂)မှတ်၊ (၁၈-၂၅)မှတ်၊ (၁၅-၁၃)မှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
 
 
 
အဆိုပါ ပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့်တာ၀န်ရှိသူများ၊ ပြည်ထဲရေး၀န်ကြီးဌာနမှတာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှတာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
 
(၁၃.၉.၂၀၁၉)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်မှစတင်၍ (အမျိုးသား)ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေး၀န်ကြီးဌာနအသင်းနှင့် ကာကွယ်ရေး၀န်ကြီးဌာနအသင်းတို့သည်လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပြိုင်ပွဲအပြီးဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ်ရာ ဘော်လီဘောအားကစားနည်းကို စိတ်ပါ၀င်စားသောမိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။
 

back to top Eng