Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂၀၁၉ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဌဖလား အသက်(၁၇)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ
နေပြည်တော် ၂ ဇူလိုင်
၂၀၁၉ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဌဖလား အသက်(၁၇)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ(၃)နာရီတွင် ပျဉ်းမနားမြို့၊ ပေါင်းလောင်း အားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က မြို့နယ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲများ ကျင်းပပေးပြီး ထူးချွန်ထက်မြက်သောကစားသမားများကို ပြည်ထောင်စုနယ်မြေ လက်ရွေးစင်အဖြစ် ရွေးချယ်ကာ တိုင်းဒေသကြီး၊ ပြည်နယ်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်သွားစေမှာဖြစ်ကြောင်းနှင့် ပြိုင်ပွဲများကျင်းပပေးခြင်းဖြင့် မြို့နယ်တစ်ခုနှင့်တစ်ခု မတူကွဲပြားသော အားကစားနည်းစနစ်များ ရရှိတိုးပွားစေမှာဖြစ်သည့်အပြင် အားကစား သမားများအချင်းချင်း စုစည်းတွေ့ဆုံး၍ ချစ်ခင်ရင်းနှီးတွေ့ဆုံးစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်လာမည်ဖြစ်ပြီး ယခုပြိုင်ပွဲမှတဆင့် မြို့နယ်ဂုဏ်ဆောင်၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်အတူ နေပြည်တော် ကောင်စီဝင်များဖြစ်သည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးတင်ထွန်း၊ ဦးအေးမောင်စိန်၊ ဦးညီထွန်းနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် ဒိုင်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် အဖွင့်ပွဲစဉ်အဖြစ် ဒက္ခိဏသီရိမြို့နယ် လက်ရွေးစင်ဘောလုံးအသင်းနှင့် တပ်ကုန်းမြို့နယ် လက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိ်ုင်ကစားကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် အာကစားဝါသနာရှင် ပြည်သူများတက်ရောက်အားပေးကြသည်။
၂၀၁၉ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၁၇)နှစ်အောက် မြို့နယ်ပေါင်းစုံဘောလုံးပြိုင်ပွဲကို နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တို့မှ ဘောလုံးလက်ရွေးစင် အားကစားသမားများပါဝင်ယှဉ်ပြိုင်ကာ၊ ဇူလိုင် ၁၈ ရက်တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)
16 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display