Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုပေးပွဲကျင်းပ၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆုအား ရန်ကုန်တိုင်းဒေသကြီး အသင်းမှရရှိ
နေပြည်တော်၊ ဇူလိုင်(၁၀)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်သော ၂၀၁၉ ခုနှစ် တိုိင်းဒေသ ကြီးနှင့်ပြည်နယ်တိုက်ကွမ်ဒိုပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲနှင့်ဆုပေးပွဲကိုယနေ့နံနက်(၉)
နာရီမှစတင်ပြီး၊ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ယှဉ်ပြိုင်ကစားကြရာ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဦး၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးခင်မောင်ထွေး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး များနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှတာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
ထို့နောက် ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် လိုက်၀ယ်တာ၀ိတ်တန်းအမျိုးသား(၆၃-၆၈) ကီလိုတန်း၊ အမျိုးသမီး လိုက်၀ယ်တာ၀ိတ်တန်းအမျိုးသမီး(၅၃-၅၇) ကီလိုတန်း၊ လိုက်၀ယ်တာ၀ိတ်တန်း အမျိုးသား (၅၈-၆၃) ကီလိုတန်း၊ လိုက်၀ိတ်တန်း အမျိုးသမီး(၄၉-၅၃) ကီလိုတန်း၊ ဘင်တန်၀ိတ်တန်း အမျိုးသား (၅၀-၅၄) ကီလိုတန်း၊ ပင်း၀ိတ်တန်း(-၄၀) ကီလိုတန်းပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပါသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ အမျိုးသား(၆၃-၆၈) ကီလိုတန်း ပြိုင်ပွဲတွင် ပထမဆု ရရှိသော အောင်စည်သူ(မွန်)၊ ဒုတိယဆု ရရှိသော ခူးအယ်င်္ရီလင်း(ရှမ်း)၊ ပူူးတွဲတတိ ယ ဆုရရှိသော၊ မင်းစိုး(ပဲခူး)နှင့်ဇော်မင်းထွေး(ကယား)တို့အား မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးမြသိမ်းမှလည်းကောင်း၊
ဆက်လက်၍ အမျိုးသမီး(၅၃-၅၇) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေရည်ထွန်း(ဧရာ၀တီ)၊ ဒုတိယဆုရရှိသော စုမြတ်စန္ဒီကျော်(ရှမ်း)၊ ပူးတွဲတတိယဆုရရှိသော နေခြည်(မွန်)နှင့် နန်းမေသူသူဟိန်း(ကယား)တို့အား မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ထွေးမှလည်းကောင်း၊
အမျိုးသား(၅၈-၆၃)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသော ထက်ဇော်လင်း(ဧရာ၀တီ)၊ ဒုတိယဆုရရှိသော ကျင်စိုးရန်နိုင်(ကယား)၊ ပူးတွဲတတိယဆုရရှိသော လှိုင်ညီညီထွဋ် (ရန်ကုန်)နှင့် မင်းမင်းမောင်(ချင်း)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးလွင်မှလည်းကောင်း၊
အမျိုးသမီး (၄၉-၅၃) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသွားသော မိုးမြင့်မြတ်(ကယား)၊ ယုဇန ကျော်(ကချင်)၊ပူးတွဲ တတိယဆုရရှိကြသော စုစုလွင်(ရှမ်း)နှင့်ရွှေစင်၀င်း(ဧရာ၀တီ)တို့အား၊ အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှလည်းကောင်း၊
အမျိုးသား(၅၀-၅၄) ကီလိုတန်းပြိုင်ပွဲများတွင် ပထမဆုရရှိသော ကောင်းထက်လွင်(ရန်ကုန်)၊ ဒုတိယဆုရရှိသာ သိန်းထက်လင်း(ရန်ကုန်)၊ ပူးတွဲတတိယဆုရရှိကြသော ဇင်မင်းသိုက်(မွန်)နှင့် ကျော်ဖြိုး အောင်(မကွေး)တို့အား၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်မှလည်းကောင်း၊
အမျိုးသမီး(-၄၀) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသာ နန်းဖြိုးဖြိုးဟန်နီ(ရန်ကုန်)၊ဒုတိယဆုရရှိသော နန်းချိုလေး(ရှမ်း)၊ပူးတွဲ တတိယဆုရရှိကြသော သိမ့်နဒီထွန်း(ကယား)နှင့် သင်ဇာမျိုးလွင် (တနင်္သာရီ)တို့အား၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှလည်းကောင်း၊
ထို့နောက် အကောင်းဆုံး အမျိုးသားအားကစားသမားဆုကို ကောင်းထက်လွင်(ရန်ကုန်)နှင့် အကောင်းဆုံးအမျိုးသမီးဆုကို ရွှေရည်ထွန်း(ဧရာ၀တီ)တို့အား၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊
ဆက်လက်၍ ရွှေ(၆)ခု၊ ငွေ(၃)ခု၊ကြေး(၃)ခု၊ဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ရွှေ(၄)ခု၊ ငွေ(၃)ခု၊ ကြေး(၃)ခု၊ဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုရရှိ သွားသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ရွှေ(၁၀)ခု၊ ငွေ(၆)ခု၊ ကြေး(၆)ခုဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသွားသော၊ ရန်ကုန်တိုင်းဒေသကြီးအသင်းအား၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
31 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display