Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂၀၁၉ မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ဒုတိယ)ပွဲစဉ်တွင် မျိုးဝင်းအောင် ဗိုလ်စွဲ
နေပြည်တော် ၁၆ ဇွန်
မြန်မာနိုင်ငံတွင် ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေး၊နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အနာဂတ်တွင် ဂေါက်သီးမျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့က ကြီးမှူး၍ မြဝတီဘဏ်လီမိတက်မှ အဓိကကူညီပံ့ပိုးမှုဖြင့် ကျင်းပသည့် ၂၀၁၉ခုနှစ်၊မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ဒုတိယ) ပွဲစဉ် စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ ဟံသာဝတီ ဂေါက်ကွင်း၊ ပဲခူးမြို့၌ ဆက်လက်ကျင်းပရာ ပညာရှင်အဆင့်ပြိုင်ပွဲတွင် မျိုးဝင်းအောင် ဗိုလ်စွဲခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကိုဆက်လက်ကျင်းပရာ Myanmar Golf Tour ကိုယ်စား မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးဦးမျိုးသီဟက ပြိုင်ပွဲအားလက်ခံကျင်းပပေးသော ဟံသာဝတီဂေါက်ကွင်းအား အမှတ်တရလက်ဆောင်နှင့် လှူဒါန်းငွေကျပ်သိန်း(၂၀)ကိုလည်းကောင်း၊ ပြိုင်ပွဲအား အဓိကကူညီပံ့ပိုးပေးသော မြဝတီဘဏ်လီမိတက်အား အမှတ်တရဂုဏ်ပြုလက်ဆောင်တို့ ပေးအပ်ရာ ဟံသာဝတီဂေါက်ကွင်းမှ အထွေထွေမန်နေဂျာဦးဆန်းထွဋ်ဦးနှင့် မြဝတီဘဏ်လီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးယုလွင်တို့က လက်ခံရယူသည်။
ယင်းနောက် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဌာနကြီးမှူး (အထွေထွေအုပ်ချုပ်ရေးဌာနကြီး) ဦးမင်းဇော်က ဝါသနာရှင်အဆင့် (အမျိုးသမီး) ပြိုင်ပွဲတွင်စုစုပေါင်းရိုက်ချက် (၂၃၆)ဖြင့် ဒုတိယရရှိသော Fiona Khaing နှင့်စုစုပေါင်းရိုက်ချက် (၂၂၅)ချက်ဖြင့် ပထမရရှိသော သင်းဝေခိုင်တို့ကို ဆုများချီးမြှင့်ပေးအပ်သည်။ ဆက်လက်၍ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးကိုကိုအေးက ဝါသနာရှင်အဆင့်(အမျိုးသား)ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက်(၂၉၂)ချက်ဖြင့် ဒုတိယရရှိသော သီဟအောင်နှင့် စုစုပေါင်းရိုက်(၂၈၇)ဖြင့် ပထမရရှိသော မင်းနိုင်စိုးတို့ကို ဆုများပေးအပ်ချီးမြင့်သည်။
ဆက်လက်၍ ပညာရှင်အဆင့်ပြိုင်ပွဲတွင်သတ်မှတ်ရိုက်ချက်ထက် (၉)ချက်လျော့ရိုက်ကာစုစုပေါင်းရိုက်ချက် (၂၇၉)ဖြင့်ပထမရရှိသွားသော မျိုးဝင်းအောင်ကို မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဒုတိယမန်နေးဂျင်း ဒါရိုက်တာ ဦးစိုးသိန်းက ဆုဖလားနှင့် မြဝတီဘဏ်လီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးယုလွင်က ဆုကြေးငွေချက်လက်မှတ်တို့ကို ပေးအပ်ချီးမြှင့်ပြီး ဆုရကစားသမားများနှင့် တာဝန်ရှိသူများ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။
၂၀၁၉ ခုနှစ်မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲတွင် Myanmar Zwe Mann Co,.Ltd, MWD Bank, SAE PAING Development Ltd, Telecom International Myanmar Co., Ltd (Mytel), Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort (Myanmar), INNWA Bank, အဓိကကူညီပံ့ပိုးပေးထားသည်။
သတင်း-ဖိုးသော်ဇင် ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်
2 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display