ဖူဆယ်လိဂ်ပြိုင်ပွဲတွင် MIU၊ VUC နှင့်GV အသင်း ရာနှုန်းပြည့် နိုင်ပွဲဆက်==================================================
ရန်ကုန် ဒီဇင်ဘာ ၁၁၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၅)ကို ဒီဇင်ဘာ ၁၁ ရက်က အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ကျင်းပရာ MIU၊ VUC နှင့် GV အသင်းတို့ ရာနှုန်းပြည့်နိုင်ပွဲဆက်နေပြီး ဇယားထိပ်၌ အပြိုင်ဖြစ်နေသည်။
ပွဲစဉ် (၅) တွင် Do Do Ko Ko အသင်းက ဖူဆယ်ချစ်သူအသင်းကို လေးဂိုး-သုံးဂိုး၊ Winner အသင်းက MFF ယူ-၁၉ အသင်းကို ခြောက်ဂိုး-နှစ်ဂိုး၊ လက်ရှိ ချန်ပီယံ MIU အသင်းက On Doctor အသင်းကို ကိုးဂိုး-တစ်ဂိုး၊ VUC အသင်းက Dream Team အသင်းကို ရှစ်ဂိုး-တစ်ဂိုး၊ GV အသင်းက AMM Brothers အသင်းကို ခြောက်ဂိုး-တစ်ဂိုး၊ မြို့မ JY အသင်းက လက်ဝဲသုန္ဒရအသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ပွဲစဉ် (၅) အပြီးတွင် VUC၊ MIU နှင့် GV အသင်းတို့က ၁၅ မှတ်စီ ရရှိထားသည်။
ရဲရင့်ရှိုင်း