Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
(၅)ကြိမ်မြောက် အရှေ့တောင်အာရှဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့် မြန်မာဗိုဗီနမ်အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ စက်တင်ဘာလ(၁၇)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အာရှဗိုဗီနမ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၅)ကြိမ်မြောက် အရှေ့တောင်အာရှဗိုဗီနမ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော မြန်မာဗိုဗီနမ်အသင်းအား ဂုဏ်ပြုပွဲ အခမ်းအနားအား ယမန်နေ့ည (၆)နာရီခွဲအချိန်၌ နေပြည်တော်
Park Royal Hotel
တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်မှ နာယက ဦးမြသိန်းနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဆုရအားကစားသမားများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးမှ ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့် ဆုရအားကစားသမား များနှင့် အုပ်ချုပ်သူ/နည်းပြဆရာများအား ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။
ယင်းနောက် ဗိုဗီနမ်အဖွဲ့ချုပ် နာယကမှ ဗိုဗီနမ်အားကစားနည်းအကြောင်း၊ ဖွဲ့စည်းခဲ့ရသည့် ရည်ရွယ်ချက်များအကြောင်း၊ ပြိုင်ပွဲတွင် ဆုရရှိအောင် စွမ်းဆောင်ခဲ့ကြသော နည်းပြ/ အုပ်ချုပ်သူနှင့် အားကစားသမားများအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး အောင်ပွဲရအားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ဆုရအားကစားသမားများကိုယ်စား ဗိုဗီနမ်အားကစားနည်းမှ အားကစားသမားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းကာ
Dinner
ဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
အဆိုပါဂုဏ်ပြုပွဲအခမ်းအနားတွင် ရွှေတံဆိပ်ဆုရရှိသော အားကစားသမားများအား ဂုဏ်ပြုဆု(၃)သိန်း၊ ငွေတံဆိပ်ဆုရရှိသော အားကစားသမားများအား ဂုဏ်ပြုဆု(၂)သိန်း၊ ကြေးတံဆိပ်ဆုရရှိသော အားကစားသမားများအား ဂုဏ်ပြုဆု(၁)သိန်း၊ ဆုရအောင် စွမ်းဆောင်ပေးသော အုပ်ချုပ်သူအား ဂုဏ်ပြုဆု (၁)သိန်း၊ ဆုရအောင် စွမ်းဆောင်ပေးသော နည်းပြအား ဂုဏ်ပြုဆု (၃)သိန်း ဖြင့် စုစုပေါင်း ချီးမြှင့်ငွေ ကျပ်(၁၄ဝ)သိန်းချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
5 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display