Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
2nd EGAT King's Cup 2018 ဖိတ်ခေါ်အလေးမပြိုင်ပွဲတွင် ရွှေ၊ငွေ၊ကြေး ရရှိသည့်အားကစားသမားများအား ဂုဏ်ပြု
ရန်ကုန်၊ အောက်တိုဘာလ( ၂ဝ )ရက်။
ထိုင်းနိုင်ငံ(ဘန်ကောက်မြို့)၌ အောက်တိုဘာလ (၁ဝ)ရက်နေ့မှ(၁၅)ရက်နေ့အထိကျင်းပသော
2
nd
EGAT King's Cup 2018
လူငယ် အလေးမ ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ရွှေ(၃)ခု၊ ငွေ(၅)ခု၊ ကြေး(၁)ခု ဖြင့် အောင်မြင်မှု ရရှိခဲ့သော မြန်မာ့လူငယ်အလေးမအားကစားအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ ညနေ(၄)နာရီ က ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် တက်ရောက် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ဂုဏ်ပြုပွဲသို့ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ချစ်နှင့် အမှုဆောင်များ၊ အုပ်ချုပ်သူ၊ နည်းပြနှင့် ဆုရအားကစားသမားတက်ရောက်ကြသည်။
ဆက်လက်ပြီး အသင်းအုပ်ချုပ်သူ ဦးမျိုးထွန်း မှ ပြိုင်ပွဲယှဉ်ပြိုင်ခဲ့ရသည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး
Junior Women
(၄၈)ကီလိုတန်းပြိုင်ပွဲတွင် အမြန်မ ရွှေတံဆိပ်(၁)ခု၊ နှစ်ဆင့်မ ရွှေတံဆိပ်(၁)ခုနှင့် စုစုပေါင်းစံချိန် (၁၇၅)ကီလို ရွှေတံဆိပ်(၁)ခု၊ စုစုပေါင်း ရွှေတံဆိပ်(၃)ဆုရ ဇင်မေဦးအား ဂုဏ်ပြုဆုငွေကျပ် (၁ဝ)သိန်းအား လည်းကောင်း၊
Junior Men
(၆၂)ကီလိုတန်း ပြိုင်ပွဲတွင် နှစ်ဆင့်မစံချိန် (၁၄ဝ)ကီလိုဖြင့် ငွေတံဆိပ်(၁)ခုရ ကောင်းဆက်နိုင် အားဂုဏ်ပြုဆုငွေကျပ်(၆)သိန်းအားလည်းကောင်း၊
Junior Women
(၅၃)ကီလိုတန်း ပြိုင်ပွဲတွင် အမြန်မ ငွေတံဆိပ်(၁)ခုနှင့် စုစုပေါင်း စံချိန် (၁၆၃)ကီလိုတွင် ငွေတံဆိပ်(၁)ခုရပြည့်ပြည့်ဖြိုး အား ဂုဏ်ပြုဆုငွေကျပ်(၆)သိန်းအားလည်းကောင်း၊ အမျိုးသား(+၁ဝ၅)ကီလိုအထက်တန်း ပြိုင်ပွဲတွင် အမြန်မ ငွေတံဆိပ်(၁)ခုနှင့် နှစ်ဆင့်မတွင် ကြေးတံဆိပ်(၁)ခု စုစုပေါင်း စံချိန် (၂၉၁)ကီလိုဖြင့် ငွေတံဆိပ်(၁)ခုရ ရန်မျိုးကျော်အား ဂုဏ်ပြုဆု ငွေကျပ်(၆) သိန်း အားလည်းကောင်း၊ အုပ်ချုပ်သူ၊ နည်းပြ(၃)ဦးတို့အား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ်(၃)သိန်း စီအားလည်းကောင်း အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် မှ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ရွှေတံဆိပ် (၃)ဆုရှင် မဇင်မေဦး မှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
3 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display