Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
Men'sAsian Challenge 2017 အမျိုးသားဟော်ကီပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ
ရန်ကုန်၊ နိုဝင်ဘာလ(၁ဝ)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်သည် ဟော်ကီအားကစားနည်း တိုးတက်မြင့်မားလာအောင် အဖက်ဖက်မှ အရှိန်အဟုန်ဖြင့် စတင်ဆောင်ရွက်လျက်ရှိရာ အာရှဖိတ်ခေါ် အမျိုးသားဟော်ကီပြိုင်ပွဲများကို မြန်မာနိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် နိုဝင်ဘာလ (၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်နေ့အထိ
Men'sAsian Challenge 2017
အမျိုးသား ဟော်ကီပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည် (၁)နာရီက ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် တက်ရောက် အမှာစကားပြောကြားခဲ့သည်။
အစည်းအဝေးသို့ အားကစားနှင့်ကာယပညာဦးစီးဌာန (စီမံ/ဘဏ္ဍာ)ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် ဒုတိယကျောင်းအုပ်ကြီးများ၊ ရန်ကုန်တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်ဥက္ကဌ ဦးစောလုလုထော်နှင့် အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ယခုပြိုင်ပွဲသည် အာရှအဆင့် ပြိုင်ပွဲ ဖြစ်တာကြောင့် အိမ်ရှင်နိုင်ငံအနေဖြင့် ပြိုင်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေး ဗီဇာ ဝင်ခွင့်ရရှိရေး၊ သယ်ယူပို့ဆောင်ရေးနှင့် နေထိုင်/စားသောက်ရေး ကိစ္စရပ်များနှင့် လိုအပ်သည့် မိမိတို့ တာဝန်ယူထားသော ကဏ္ဍများကို ပူးပေါင်းဆောင်ရွက်စေလိုကြောင်းနှင့် အဖွဲ့ချုပ် အနေဖြင့်လည်း နိုင်ငံတကာပြိုင်ပွဲကို ကျင်းပနိုင်မှုအတွေ့အကြုံနည်းပါးခြင်းကြောင့် အဖက်ဖက်မှ လစ်ဟင်းမှုမရှိစေရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ ပါဝင်ကူညီ ဖြည့်ဆည်းပေးဖို့ လိုအပ်ပါကြောင်း ကစားသမားများ ပြိုင်ပွဲဝင်နေစဉ် ကာလအတွင်း လုံခြုံရေးအတွက် အထူးဂရုစိုက်စေလိုကြောင်းဖြင့် ရှင်းလင်းပြောကြားသွားသည်။
ဆက်လက်ပြီး အဖွဲ့ချုပ်ဥက္ကဌ ဦးစောလုလုထော် ၊ အတွင်းရေးမှူး ဦးခင်မောင်လတ် တို့မှ ပြိုင်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကို ကိုကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ပြိုင်ပွဲ မစတင်မီနှင့် ပြိုင်ပွဲပြီးဆုံးသည်အထိ မိမိတို့တာဝန်ယူထားသည့် လုံခြုံရေးကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ပြိုင်ပွဲကွင်းနှင့် ဟိုတယ်အသွား/အပြန် ရှေ့ပြေးယာဉ်ထားရှိမှု၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု၊ ရန်ကုန်လေဆိပ်တွင် ကစားသမား များအဝင်/အထွက် အဆင်ပြေ ချောမောအောင်ဆောင်ရွက်ပေးနိုင်မှု၊ လျှပ်စစ်မီးအရံထားရှိမှု၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအစီအစဉ်တွင် ပြိုင်ပွဲမကျင်းပမီ ှSports Light စာတမ်းထိုး ကြိုတင်ကြေငြာထားမှုနှင့် ပြိုင်ပွဲအနိုင်/အရှုံးများ ကို ရုပ်/သံတွင် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးနိုင်မှု၊ ပြိုင်ပွဲတွင် အုပ်ချုပ်သူ /နည်းပြ နှင့် အားကစားသမားများ သတ်မှတ် ဟိုတယ်များတွင် အဆင်ပြေနေရာချထားမှုတို့ကို တာဝန်ရှိသူ အသီးသီးတို့က ရှင်းလင်းတင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ်မှ လိုအပ်ချက်များကို ဖြည့်စွက်မှာကြားကာ ညှိနှိုင်းအစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။
Men's Asian Challenge 2017
ပြိုင်ပွဲကို ရန်ကုန်မြို့ မဂင်္လာတောင်ညွန့်မြို့နယ် သိမ်ဖြူဟော်ကီကွင်းတွင်နိုဝင်ဘာလ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်နေ့အထိ မြန်မာ၊ တရုတ်(တိုင်ပေ) ၊ဟောင်ကောင်(တရုတ်)၊ ဘရူနိုင်း အသင်းပေါင်း(၄)သင်းမှ အုပ်ချုပ်သူ/ နည်းပြ၊ ဒိုင်ဂျူရီနှင့်ကစားသမားစုစုပေါင်း (၁၂ဝ)ဦး တို့ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသတင်းရရှိသည်။
11 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display