Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံချစ်ကြည်မှုအရ မြန်မာနိုင်ငံအားကစားအဆင့်အတန်းတိုးတက် မြင့်မားရေးအတွက် အားကစားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး MOU လက်မှတ်ရေးထိုးခြင်းနှင့် အားကစားအထောက်အကူပြုပစ္စည်းများ လွဲပြောင်းပေးအပ်
ရန်ကုန်၊ အောက်တိုဘာလ(၁၅)ရက်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံချစ်ကြည်မှုအရ မြန်မာနိုင်ငံအားကစား အဆင့်အတန်းတိုးတက် မြင့်မားရေးအတွက် အားကစားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး
MOU
လက်မှတ်ရေးထိုးခြင်းနှင့် အားကစားအထောက်အကူပြုပစ္စည်းများ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ(၂)နာရီက ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုလှိုင် ၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(၁)ဦးထွန်းမြင့်ဦးနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူးဦးစိုးအောင်၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
ECONOMIC and Commercial Counselor Mr. XIE GUOXIANG
နှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနို်င်ငံ
ECONOMIC and Commercial Counselor Mr. XIE GUOXIANG
က အားကစားနည်းပညာပူးပေါင်း ဆောင်ရွက်ရေး
MOU
လက်မှတ်ရေးထိုးခြင်းနှင့် အားကစားအထောက်အကူပြုပစ္စည်းများ လှူဒါန်းရခြင်းအကြောင်းရှင်းလင်ပြောကြားသည်။
ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင် က ယခုလိုအားကစားပစ္စည်းများ လှူဒါန်းပေးသည့်အပြင် အားကစားတိုးတက်ရေးအတွက် နည်းပညာအကူအညီပေးရေးလက်မှတ် ရေးထိုးရခြင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အားကစားဘက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ အချက်(၃)ချက်ပါ
MOU
လက်မှတ်ရေးထိုးရာတွင် တရုတ် အစိုးရအနေဖြင့် အားကစားနည်းပညာပိုင်းဆိုင်ရာများကို မြန်မာနိုင်ငံရှိ နည်းပြဆရာများအား လေ့ကျင့်သင်ကြားပေးရေး၊
JointTraining
အစီအစဉ်အရ မြန်မာအားကစားသမားများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ခေါ်ယူလေ့ကျင့်ပေးရေးနှင့် အားကစားအထောက်အကူပြု ပစ္စည်းများ ပံ့ပိုးကူညီပေးရေးအတွက် လက်မှတ်ရေးထိုးသည့်အပြင် အားကစားနည်း(၁၂)မျိုး အတွက် ဆက်စပ်အသုံးအဆောင်ပစ္စည်းများနှင့်
Fitness
တစ်စုံလှူဒါန်းပေးသည့်အတွက် များစွာ ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယခုလှူဒါန်းပေးသော အားကစားပစ္စည်းများကို အင်ဒိုနီးရှားနို်င်ငံတွင် ၂ဝ၁၈ခုနှစ်
Asia Games
ပြိုင်ပွဲ၊ ၂ဝ၁၈ခုနှစ်၊ဒီဇင်ဘာလမှာ မြန်မာနိုင်ငံ၌
Universitry Games
နှင့် ၂ဝ၁၉ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံ၌ အကြိမ်(၃ဝ)မြောက်
SEA Games
ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်နိုင်ရန် အားကစားလေ့ကျင့်ရေး စခန်းများတွင် အစားထိုး လေ့ကျင့်သုံးစွဲသွားမှာဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ မြန်မာအားကစားသမားများကို နှစ်ရှည် (၃)နှစ်မှ (၅)နှစ်အတွင်း အားကစားပူးတွဲလေ့ကျင့်ရေး အစီအစဉ်များပါ ရေးဆွဲထားပါကြောင်း၊ ထိုအပြင် ၂ဝ၁၇ခုနှစ်၊ မေလမှ ဒီဇင်ဘာလအထိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး)တို့၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ စေတနာ့ဝန်ထမ်း နည်းပြများစေလွှတ်ပေးသည့်အတွက်လည်း ကျေးဇူးတင်ရှိ ပါကြောင်း၊ ပြီးခဲ့တဲ့(၂၇၊ ၂၈)
SEA Games
ပြိုင်ပွဲများမှာလည်း မြန်မာနို််င်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏
Goverment to Goverment
အစီအစဉ်အရ အားကစားပူးပေါင်း ဆောင်ရွက်ပေးမှုကြောင့် မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးခဲ့တဲ့ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံဟာ အဆင့်(၂)ဖြင့် အရှေ့တောင်အာရှ နိုင်ငံ အလယ်မှာ ဝင့်ကြွားနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ရင်းနှီးချစ်ကြည်မှုကိုအခြေခံ၍ ရှေ့ဆက်လက်ပြီး မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်အောင်မြင်ရေး ကို ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါစေလို့ ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာနñွှန်ကြားရေးမှူးချုပ် ဦးမျိုလှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနို်င်ငံ
ECONOMIC and Commercial Counselor Mr. XIE GUOXIANG
အားကစားကဏ္ဍနည်းပညာပူးပေါင်းဆောင်ရွက်ရေးအချက်(၃)ချက်ပါ
MOU
လက်မှတ်အပြန်အလှန်ရေးထိုးကြပြီး နှစ်နိုင်ငြံဥ့လက်မှတ်ရေးထိုးထားသည့် စာရွက် စာတမ်းများကိုအပြန်အလှန်ပေးအပ်ကြပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။
ယနေ့တရုတ်ပြည်သူ့သမ္မတနို်င်ငံအစိုးရမှ မြန်မာနိုင်ငံအိုလံပစ်ကော်မတီသို့
Fencing
၊ ရေကူး၊ မြားပစ်၊ ဝူရှူး၊ ဘော်လီဘော၊ ကျွမ်းဘား၊ ဖူဆယ်၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ အလေးမ၊ ပြေးခုန်ပစ်၊ အားကစားနည်း(၁၂)နည်းအတွက် ၄င်းတို့နှင့်ဆက်စပ် ပစ္စည်းများနှင့်
Fitness
တစ်စုံ ကာလတန်ဖိုး
US$
(၄)သိန်းဖိုးကို ပေး အပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။
10 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display