skip to content

 

ရန်ကုန် ဒီဇင်ဘာ၂၀။    

 ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော VFF THANHNIEN Newspaper  CUP   ပြိုင်ပွဲကို   မြန်မာ ယူ-၂၁ အသင်း ဝင်ရောက်ယှဉ်ပြိုင်ရာ ငွေတံဆိပ်ဆု ဆွတ်ခူးရရှိကြောင်း သိရသည်။

မြန်မာယူ-၂၁ အသင်းသည် ဒီဇင်ဘာ ၁၈ ရက်က ယှဉ်ပြိုင်ကစားသည့် ဗိုလ်လုပွဲတွင် အိမ်ရှင်ဗီယက်နမ် အသင်းကို အကောင်းဆုံးပုံစံဖြင့်  ယှဉ်ပြိုင် ကစားခဲ့သော်လည်း ပွဲချိန်မိနစ် ၉ဝ တွင် နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ပြီး ပယ်နယ်တီ အဆုံးအဖြတ်တွင်  ၅ ဂိုး - ၃ ဂိုးဖြင့် ရှုံးနိမ့်သည်။ သို့သော် တိုက်စစ်မှူး ဝင်းနိုင်ထွန်းသည် ပွဲစဉ်တစ်လျှောက် ၃ဂိုး သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းအထူးကောင်းမွန်ခြင်းကြောင့် ပွဲစဉ်တစ်ခုလုံး၏ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သည်။

တိုက်စစ်မှူး ဝင်းနိုင်ထွန်းသည် အဖွင့်ပွဲဖြစ်သော ဗီယက်နမ်အသင်းကို ၅ ဂိုး - ၂ ဂိုးဖြင့် ရှုံးနိမ့်သောပွဲတွင် အဖွင့်ဂိုး သွင်းယူပေးပြီး  မလေးရှားအသင်းကို  ၃ဂိုးပြတ်ဖြင့် အနိုင်ရရှိသောပွဲတွင်လည်း ၁ဂိုးသွင်းယူပေးကာ ဗိုလ်လုပွဲတွင် ဗီယက်နမ် အသင်းကို ၁ဂိုးထပ်မံ သွင်းယူနိုင်ခဲ့သည်။

 


back to top Eng