Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
(၁၃)ကြိမ်မြောက်ကမ္ဘာ့တံခွန်စိုက်နဂါးလှေပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ငွေတံဆိပ် နှင့် ကြေးတံဆိပ်တို့ဆွတ်ခူးရရှိခဲ့သည့်အောင်ပွဲရမြန်မာ့ရိုးရာလှေလှော်အဖွဲ့အားကြိုဆို
ရန်ကုန်၊ အောက်တိုဘာလ(၂၃)ရက်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံကူမင်းမြို့တွင် အောက်တိုဘာ (၁၇)ရက်မှ (၂ဝ)ရက်နေ့အထိ အပြည်ပြည်ဆိုင်ရာနဂါးလှေလှော်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (
13th IDBF World Nations Championship
) ပြိုင်ပွဲတွင် မြန်မာ့ရိုးရာလှေအဖွဲ့မှရွှေတံဆိပ်၊ငွေတံဆိပ်နှင့်ကြေးတံဆိပ်တို့ ဆွတ်ခူးရရှိခဲ့ရာ ယနေ့နံနက်(၁၁)နာရီ(၁၅)မိနစ်အချိန်ကမြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကြဦးသောင်းထိုက်မင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးဦးစိုးအောင်တို့ ဦးဆောင်၍ အုပ်ချုပ်/နည်းပြ (၇)ဦး၊ ကစားသမားအမျိုးသား(၁၁)ဦး၊ အမျိုးသမီး(၁၃)ဦး စုစုပေါင်း(၃၁)ဦးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများ၊ အောင်ပွဲရ အားကစားသမားများ၏ မိဘဆွေမျိုးများက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြပြီး စုပေါင်း အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့သည်။
ပွဲစဉ်အရအောက်တိုဘာလ(၁၈)ရက်နေ့တွင်ကျင်းပသော အမျိုးသား/အမျိုးသမီး (၁ဝ)တက်လှော် မီတာ(၂ဝဝဝ)ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ တရုတ်၊ ကနေဒါ၊ ရုရှား၊စပိန်၊ အိန္ဒိယ၊
UK
နိုင်ငံ များယှဉ်ပြိုင်ခဲ့ရာ မြန်မာ မှ ပွဲဦးထွက် ပထမဦးဆုံးရွှေတံဆိပ်ကို ဆွတ်ခူးရရှိခဲ့ပြီး အိမ်ရှင်တရုတ်နိုင်ငံမှ ဒုတိယနှင့် ကနေဒါနိုင်ငံက တတိယရရှိခဲ့ကြသည်။ အောက်တိုဘာ (၁၉)ရက်နေ့က အမျိုးသား/အမျိုးသမီး(၁ဝ)တက်လှော်မီတာ (၁ဝဝဝ)ပြိုင်ပွဲတွင် မြန်မာအသင်းသည်ရေလမ်းကြောင်းဘေးတစ်ဖက်တစ်ချက်မှ လှိုင်းရိုက်ခတ်မှုကြောင့် လှော်တက်ကျိုးခဲ့၍ပြိုင်ပွဲ၌ ပဥ္စမနေရာရရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင် အိမ်ရှင်တရုတ်နိုင်ငံက ပထမ၊ ကနေဒါနိုင်ငံက ဒုတိယ၊ အမေရိကန်နိုင်ငံက တတိယ၊ ထို်င်းနိုင်ငံက စတုတ္ထ၊ မြန်မာနိုင်ငံ က ပဥ္စမ ၊ သြစတြေးလျနိုင်ငံ က ဆမြရရှိခဲ့ကြသည်။ အောက်တိုဘာ(၂ဝ)ရက်နေ့တွင် အမျိုးသား/ အမျိုးသမီး (၁ဝ)တက် လှော်မီတာ(၅ဝဝ)ပြိုင်ပွဲ ၌် ထိုင်းနိုင်ငံကပထမ၊ မြန်မာနိုင်ငံကဒုတိယ ငွေတံဆိပ်ဆုနှင့် အိမ်ရှင်တရုတ်နိုင်ငံက တတိယရရှိခဲ့သည်။အောက်တိုဘာ(၂၁)ရက်နေ့တွင် အမျိုးသမီး မီတာ(၂ဝဝ)ပြိုင်ပွဲ၌်အိမ်ရှင်တရုတ်နိုင်ငံက ပထမ၊ ထိုင်းနိုင်ငံက ဒုတိယနှင့် မြန်မာနိုင်ငံက တတိယကြေးတံဆိပ်တို့ကိုဆွတ်ခူးရရှိခဲ့ကြောင်းသတင်းရရှိသည်။
4 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display