Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
အရှေ့တောင်အာရှ ခြင်းလုံးအဖွဲ့ချုပ် ဖွဲ့စည်းခြင်းနှင့် အာရှခြင်းလုံးအဖွဲ့ချုပ်အစည်းအဝေးများ အာင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊အောက်တိုဘာ(၃ဝ)ရက်။
အရှေ့တောင်အာရှခြင်းလုံးအဖွဲ့ချုပ် ဖွဲ့စည်းခြင်း နှင့်အာရှခြင်းလုံးအဖွဲ့ချုပ်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ် ညှိနှိုင်းအစည်းအဝေးကို ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာ(၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ မြန်မာနိုင်ငံ နေပြည်တော်ရှိ ဥတ္တရသီရိဟိုတယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၄င်းအစည်း အဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁ဝ) နာရီအချိန်တွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ အာရှခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးနိုင်၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်မင်းထွန်းနှင့်တာဝန်ရှိသူများ၊သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်လျက်ရှိသော အဆင့်အတန်းကို တွေ့မြင်စေလိုကြောင်း၊ မြန်မာတို့၏ ရိုးရာအားကစားနည်းဖြစ်သော ခြင်းလုံးအားကစားနည်းကို ယခင်ကပြည်တွင်းပြိုင်ပွဲများသာ ကျင်းပနိုင်ခဲ့သော်လည်း ၂ဝ၁၃ ခုနှစ်၊ (၂၇)ကြိမ်မြောက် အရှေ့့တောင်အာရှအားကစားပြိုင်ပွဲမှ စတင်၍ (၂၈)၊(၂၉)ကြိမ်မြောက်တွင် ပါဝင်ကျင်းပနို်င်ခဲ့ပြီးဖြစ်ကြောင်းနှင့် (၃ဝ)ကြိမ်မြောက် တွင်ပါဝင်နိုင်အောင် ကြိုးစားဆောက်ရွက်လိုကြောင်း၊ ရေရည်တွင် မိမိတို့ ရိုးရာအားကစား နည်းကို နိုင်ငံတကာပြိုင်ပွဲများ၊ အာရှနှင့်အရှေ့တောင်အာရှပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှခြင်းလုံးအဖွဲ့ချုပ်ကို တရားဝင်ဖွဲ့စည်းနိုင်မှသာ ကျင်းပ နိုင်မည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှခြင်းလုံးအဖွဲ့ချုပ် ဖွဲ့စည်းခြင်းနှင့်အာရှခြင်းလုံး အဖွဲ့ချုပ် အစည်းအဝေးများသို့ အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် အာရှ/အာဆီယံနိုင်ငံများ ဖြစ်သော မလေးရှား၊ ဘရူနိုင်း၊ ကမေ္ဘာဒီးယား၊ လာအို၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တီမော၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သီရိလကင်ာ္နှင့် အီရန် နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ကြောင်း၊ အစည်းအဝေးပွဲသို့ တက်ရောက်မည့် ကိုယ်စားလှယ်များ၏ လုံခြုံရေးသည် အရေးကြီးကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကို စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း၊ သက်ဆိုင်ရာနိုင်ငံများသို့ အလွယ်တကူ ဆက်သွယ်နိုင်ရန် wifi နှင့်Sim Card များ စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း၊ နေ့စဉ်ထုတ် သတင်းစာနှင့် TV Sport ထုတ်လွှင့်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း၊ သယ်ယူ ပို့ဆောင်ရေးအတွက် လိုအပ်သော ယာဉ်များလည်း ထားရှိပေးစေလိုကြောင်း၊ ပြည်ဝင်ခွင့် ဗီဇာများလည်း ကူညီပေးစေလိုကြောင်း၊ Liaison Officers များလည်း စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့်လည်း အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သောအကူအညီများကို ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ကြီးဌာန အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အစည်းအဝေးနှင့်ပက်သက်သော လုပ်ငန်းကိစ္စရပ်များကို ထပ်မံဆွေးနွေး ပြောကြားပြီးနောက် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် အခက်အခဲများအား ဆွေးနွေးတင်ပြ ပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ ပြန်လည်ဆွေးနွေးပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသော ဝန်ကြီးဌာနအသီးသီး၏ ကိုယ်စားလှယ်များမှ အထွေထွေဆွေးနွေးကြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။
27 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display