Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
အာရှဖလားသမိုင်း အကောင်းဆုံး မြန်မာ့လက်ရွေးစင် ၁၁ ဦးအသင်း Fox Sports ထုတ်ပြန်
ရန်ကုန် ဇန်နဝါရီ ၆။
လက်ရှိတွင် အာရှဖလားပြိုင်ပွဲစတင် ယှဉ်ပြိုင်နေပြီဖြစ်ရာ ထိုပြိုင်ပွဲမတိုင်မီ အာရှဒေသမှ နိုင်ငံ့လက်ရွေးစင်အသင်းများ ယှဉ်ပြိုင်ကစားဖူးသော မှတ်တမ်းများအရ မြန်မာ့လက်ရွေးစင်အသင်း၏ အကောင်းဆုံး ပွဲထွက်ကစားသမား ၁၁ ဦးစာရင်း ကို Fox Sports သတင်းဌာနက ယနေ့တွင် ထုတ်ပြန် ခဲ့ရာ ရွှေခေတ်မှ ဂန်ထဝင် ကစားသမားနှစ်ဦးနှင့် ငွေခေတ်မှ ကစားသမားအများစု ပါဝင်နေကြောင်း သိရသည်။
ထိုစာရင်းတွင် ဂိုးသမားနေရာ၌ ၁၉၇ဝ ပြည့်လွန်နှစ်များတွင် မြန်မာ့လက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့ပြီး ၁၉၇၂ မြူးနစ် အိုလံပစ် ပြိုင်ပွဲတွင် လက်စွမ်းပြနိုင်ခဲ့သော ဂိုးသမား တင်အောင်ကို ရွေးချယ်ထားသည်။
နောက်ခံကစားသမားများနေရာတွင် ညာနောက်ခံကစားသမားနေရာ၌ ယခုရာသီတွင် ရန်ကုန်ယူနိုက်တက်အသင်းမှ ရှမ်းယူနိုက်တက် အသင်းသို့ ပြောင်းရွေ့သွားသော ဒေးဗစ်ထန်း၊ ဗဟိုခံစစ်တွင် ၁၉၉၃ခုနှစ် စင်ကာပူ ဆီးဂိမ်းပြိုင်ပွဲ ငွေတံဆိပ်ဆုရှင် စောဘမြင့်နှင့် စိုးနိုင်၊ ဘယ်နောက်ခံကစားသမားနေရာတွင် ၁၉၉၃ ခုနှစ် စင်ကာပူ ဆီးဂိမ်း ငွေတံဆိပ် ဆုရှင် လက်ရှိ ရခိုင် ယူနိုက်တက်အသင်း နည်းပြ သန်းဝေတို့ကို ရွေးချယ်ထားသည်။
ကွင်းလယ်ပိုင်းတွင်လည်း ငွေခေတ်ကစားသမားများဖြစ်သော သန်းတိုးအောင်နှင့် ကြည်လွင်တို့ကို ရွေးချယ်ထားပြီး ဗဟိုခံစစ်တွင် စိုးမြတ်မင်း၊ ကွင်းလယ်ဘယ်ခြမ်းတွင် လက်ရှိ ရန်ကုန်ယူနိုက်တက်အသင်းနည်းပြ ချုပ် မျိုးမင်းထွန်းတို့ကို ရွေးချယ်ထားသည်။
တိုက်စစ်တွင် ငွေခေတ်၏ အကောင်းဆုံး တိုက်စစ်မှူးဖြစ်ခဲ့သော မျိုးလှိုင်ဝင်းနှင့် ရွှေခေတ်က ထွန်းတောက်ဆုံးဖြစ်ခဲ့ပြီး ၁၉၆၆ နှင့် ၁၉၇ဝ အာရှအားကစားပွဲ ရှှေတံဆိပ် ဆုရှင်၊ ၁၉၆၅၊ ၁၉၆၇၊ ၁၉၆၉ အရှေ့ တောင်အာရှချန်ပီယံ၊ ၁၉၆၄၊ ၁၉၆၇ မာဒေးကားဖလားချန်ပီယံအသင်းမှ ဆပ်ဗဟာဒူးတို့ကို ရွေးချယ်ထားကြောင်း သိရသည်။
မြဝတီသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။
81 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display