ရှမ်းပြည်နယ် ဖေဖော်ဝါရီလ ၁၂ရက်။
၁၂.၂.၂၀၁၉ ရက်နေ့၊ နံနက် ၆:၀၀ နာရီအချိန်၊ ရှမ်းပြည်နယ်လေ့ကျင့်ရေးအားကစားရုံတွင် ၂၀၁၉ ခုနှစ် ၊(၇၂) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် "Myanmar Union Day National Peace Run" ၅ ကီလိုမီတာ ငြိမ်းချမ်းရေး အပြေးပြိုင်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၀င်၊ပြည်နယ်လူမှုရေး၀န်ကြီး၊ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဌ ဒေါက်တာမျိုးထွန်း၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦးခွန်ရဲထွေး၊ပြည်နယ်သယံဇာတနှင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီး ဒေါက်တာညီညီအောင်၊ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန၊ဒုတိယ ညွှန်ကြားရေးမှူးချုပ်(၁) ဦးထွန်းမြင့်ဦး၊ ညွှန်ကြားရေးမှူး(လူထု/ပညာ) ဦးဌေးအောင်၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်း၊လက်ထောက်ညွှန်ကြားရေးမှူးဦးတင်မြင့်၊ Pocari Sweat မှ တာဝန်ရှိသူများ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ၊အားကစားဝါသနာရှင်များ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
အပြေးပြိုင်ပွဲ သို့အခြေပညာကျောင်းပေါင်းစုံမှ ကျောင်းသား၊ကျောင်းသူများ၊ရပ်ကွက်ပေါင်းစုံမှအားကစားဝါ သနာရှင်များစုစုပေါင်းပြိုင်ပွဲဝင်၂၅၀၀ ကျော်တို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ပြည်နယ်လူမှုရေး၀န်ကြီး၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဌ ဒေါက်တာ မျိုးထွန်းနှင့်ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်တို့က သေနတ်ပစ်ဖောက် တာလွှတ်ပေးရာ ပြိုင်ပွဲဝင်များကပြည်နယ်လေ့ကျင့်ရေး အားကစားရုံရှေ့မှ ဗိုလ်ချုပ်လမ်းအတိုင်း စဝ်စံထွန်းဆေးရုံ ရှေ့မှတဆင့် ဗိုလ်ချုပ်လမ်းမကြီးအတိုင်းမှ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံသို့ပန်းဝင်ကြပြီး ပြိုင်ပွဲတွင်အမျိုးသား၊ အမျိုးသမီး၊ပထမ ဆု ၃ သိန်း ၊ဒုတိယဆု၂ သိန်း၊တတိယဆု ၁သိန်းစီနှင့် အဆင့် ၄ မှ အဆင့် ၁၀ ထိဆု ရရှိသူများ တစ်ဆုလျှင် ငါးသောင်း၊ အဆင့် ၁၁ မှ ၂၀ ထိဆုရရှိသူများကိုတစ်ဆုလျှင် သုံးသောင်း၊ အဆင့်၂၁ မှ ၅၀ ထိဆု ရရှိသူ များကို တစ်ဆုလျှင် တစ်သောင်းစီဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ညွှန်ကြားရေးမှူး (လူထု/ပညာ) ဦးဌေးအောင် ၊ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးဦးကျော်ကျော်သိန်း၊ Pocari Sweat အားဖြည့်အချိုရည်မှ တာဝန်ရှိသူတို့နှင့် ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။