skip to content

ဗန်းမောက် မတ် ၁၈။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် Township Sports Development Programme(T.S.D.P) အစီအစဉ်အရ ကျင်းပပြုလုပ်သော အားကစား ဖွံ့ဖြိုးတိုးတက်ရေး တံခွန်စိုက် "ဖလား" ရပ်ကွက်၊ ကျေးရွာအလိုက် အလွတ်တန်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေက အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဌာန်ကို ရွတ်ဆိုခဲ့ကြသည်။

ပြိုင်ပွဲဝင်ဘောလုံးအသင်းများမှ မြို့မဘောလုံးအသင်းနှင့် MPT ဘောလုံးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကြရာ  MPT ဘောလုံးအသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အမှတ်(၁)၊(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ အလွတ်တန်းဘောလုံးအသင်း (၉)သင်းမှ အားကစားသမားများ တက်ရောက် အားပေးခဲ့ကြကြောင်း သိရသည်။


back to top Eng