Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့်အာဟာရဆန်းစစ်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနား မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်အမှာစကားပြောကြား
နေပြည်တော်၊ ဧပြီလ(၈)ရက်။
အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားဆေးဘက်ဌာနခွဲ ကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့်အာဟာရဆန်းစစ်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၁း၀၀)နာရီအချိန်တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယ၀န်ကြီးမှ သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ခေတ်ကြီးတွင် နည်းပညာများတိုးတက်စေရန်မှာ ှSports Science အလွန်ပင်အရေးကြီးကြောင်း၊ မတူညီသည့် အားကစားနည်းအလိုက် လေ့ကျင့်ရမည့်ပုံစံများ၊ နည်းစနစ်များမှာလည်းကွာခြားမည်ဖြစ်ပြီး ဆေးသိပ္ပံပညာရပ်ဖြင့် အားကစားသမားများ၏ကြံ့ခိုင်မှုများနှင့် အာဟာရဆိုင်ရာများကို တိကျစွာတွက်ချက်နိုင်မည်ဖြစ်ကြောင်း၊ အားကစားသမားများကို ထိရောက်စွာ ပံ့ပိုးပေးနိုင်မည်ဆိုပါက မြန်မာအားကစားသမားများ အောင်မြင်မှုများရရှိလာမည်ဖြစ်ပါကြောင်း၊
ယခုအရှေ့တောင်အာရှနိုင်ငံများထဲမှ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့ပင် Sports Science ကို စနစ်တကျဆောင်ရွက်လာကြပါသဖြင့် မိမိတို့နိုင်ငံအနေဖြင့်လည်း Sports Science ကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နှစ်စဉ် Fitness စက်ပစ္စည်းများ၀ယ်ယူထားရှိပြီး သက်ဆိုင်ရာအားကစားနှင့်ကာယပညာသိပ္ပံကျောင်း များသို့ ပံ့ပိုးပေးလျက်ရှိကြောင်း၊ ထိုပစ္စည်းများဖြင့် ကြံ့ခိုင်စစ်ဆေးခြင်းများကို ထိရောက်စွာအသုံးချ နိုင်စေရန်နှင့် သင်တန်းမှရရှိလာသောပညာရပ်များ၊ နည်းစနစ်များကို အကျိုးရှိရှိအသုံးချနိုင်မည်ဟု ယုံကြည်ကြောင်း၊ ဆေးဘက်ဆိုင်ရာ၀န်ထမ်းများအတွက်အရေးပါသောသင်တန်းတစ်ခုဖြစ်ပြီး အားကစားနည်းအလိုက် အားကစားသမား(၁)ဦးချင်းစီ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် အာဟာရလိုအပ်ချက်များကို စနစ်တကျတွက်ချက်၍ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဖြစ်လာစေရန် ပံ့ပိုးပေးနိုင်သော သင်တန်းတစ်ခုဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ အားကစားဆေးဘက်ဌာနခွဲမှ ဆေး၀န်ထမ်းများအနေဖြင့် ယခုလိုသင်တန်းများတွင် ကျွမ်းကျင်ပညာရှင်များ၏ သင်ကြားပို့ချချက်များကို လိုက်နာမှတ်သားပြီး အားကစားတိုးတက်ရေးအတွက် ကိုယ်တတ်စွမ်းသောပညာရပ်များဖြင့် ကြိုးပမ်းအားထုတ်ကြရန်မှာကြားခဲ့ပါသည်။
နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မြန်မာအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး အတွက် ခေတ်နှင့်အညီ မသိမဖြစ်၊ မရှိမဖြစ်ပညာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်သောကြောင့် ယခုသင်တန်းမှ အတွေ့အကြုံကောင်းများ ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာ့အားကစားတိုးတက် မြင့်မားရေးနှင့် မြန်မာအားကစားသမားများ မိမိတို့၏ ပြိုင်ဘက်အားကစားသမားများကို ရင်ဘောင်တန်း ယှဉ်ပြိုင်စေရန် လိုအပ်သည့် ကြံ့ခိုင်မှု၊ အာဟာရစားသုံးမှုစသည်တို့ကို စနစ်တကျ တွက်ချက်ပံ့ပိုးနိုင်မည် ဖြစ်သောကြောင့် စေတနာ၊ ၀ါသနာ၊ အနစ်နာ၊ ဂရုဏာအရင်းခံပြီးနိုင်ငံ၀န်ထမ်းကောင်းများဖြစ်အောင် ကြိုးစားသင်ယူကြပါဟု မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယ၀န်ကြီးမှ သင်တန်းတွင် Fitness & Nutrition Assessment Training Courseကို သင်ကြားပေးမည့် ဒေါက်တာရဲတင့်လွင်အား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး
အဆိုပါသင်တန်းကို (၈.၄.၂၀၁၉)ရက်နေ့မှ (၉.၄.၂၀၁၉)ရက်နေ့အထိ သင်တန်းသား/သင်တန်းသူ(၆၀)ဦးဖြင့် တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
7 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display