Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
Physical Education Seminar ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ ဧပြီလ(၁ဝ)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့်
Physical Education Seminar
ကျင်းပနိုင်ရေးလုပ်ငန်းည§ိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၂)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် တက်ရောက် အမှာစကားပြောကြားဆွေးနွေးပါသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးမြသန်းထိုက်၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချစ်စိန်၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးတင်မောင်ဝင်းနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင်
National PE Seminar
၌ ပြောကြားမည့် ခေါင်းစဉ်နှင့်ဆွေးနွေးပြောကြားမည့်သူများကို အတည်ပြုဆုံးဖြတ်မည်ဖြစ်ပါကြောင်း၊ ယခုပြုလုပ်မည့်
National PE Seminar
ဖြစ်သောကြောင့် ကောင်းမွန်တဲ့ရလဒ်များမျှော်မှန်းထားကြောင်း၊ ထွက်ပေါ်လာသည့်ရလဒ်များကို သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးသို့ ပေးပို့အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး (၃)လတစ်ကြိမ် အကောင်အထည်ဖေါ်ကာ ပြန်လည်ဆန်းစစ်အတည်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
ဆက်လက်၍ အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချစ်စိန်မှ
National PE Seminar
တွင် ပြောကြားမည့် စာတန်းခေါင်းစဉ်များပြောကြားနိုင်ရေး တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များအား ပေးပို့အကြောင်းကြားခဲ့ရာ ထွက်ပေါ်လာသော စာတမ်းများအနက်
National PE Seminar
နှင့် သင့်လျော် သော စာတမ်းခေါင်းစဉ်(၄)ခုနှင့် စာတမ်းရှင်အမည်များအား အတည်ပြုပေးနိုင်ရေး တင်ပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းမှ အားကစားနှင့်ပညာရေးပေါင်းစပ်ဆောင်ရွက်ခြင်းကြောင့် ပိုမိုကောင်းမွန်သောရလဒ်များ ထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ ကာယပညာရေးအတွက် အားကစားကို အမှန်တစ်ကယ် တာဝန်ယူသောပုဂ္ဂိုလ်များ၊ အားကစားသမားများကို လိုအပ်နေပါကြောင်း၊
National PE Seminar
တွင် ဆွေးနွေးကြမည့် ပညာရှင်များ ဆွေးနွေးမည့် ခေါင်းစဉ်များအား အတည်ပြုပေးနိုင်ရေး ဆွေးနွေးတင်ပြပါသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်ကြသူများမှ
National PE Seminar
ဖြစ်မြောက်ရေးအတွက် စာတမ်းခေါင်းစဉ်၊ ဆွေးနွေးမည့်သူများ၊ ဆွေးနွေးမည့်အကြောင်းအရာများကို အတည်ပြုပေးနိုင်ရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကျောင်းသားအားကစားပွဲတော်ဖြစ်မြောက်ရေး၊ ကျောင်းကျန်းမာရေးအတွက် ကာယချိန်များတွင် ကျောင်းသားများအား ကြီးကြပ်ပေးနိုင်ရေး၊ ကျောင်းကျန်းမာရေးအတွက် ကျောင်းသား များ အဟာရမှန်ကန်မှုများကိုစစ်ဆေးနိုင်ရေး ဆွေးနွေးမှုများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေး သွားကြောင်း၊
PE
သင်တန်းပို့ချရန် လိုအပ်သော အားကစားအထောက်အကူပြုပစ္စည်းများကို အားကစားနှင့်ကာယပညာ ဦးစီးဌာန အားကစားအဖွဲ့ချုပ်များမှ ကူညီပံ့ပိုး ပေးနိုင်ပါရန် လိုအပ်သည့် အကြံပြုချက်များကို ဝိုင်းဝန်း အကြံပေးဆွေးနွေးကြပါသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ
National PE Seminar
ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီဖွဲ့စည်းပုံများကို ညွှန်ကြားရေးမှူးချုပ်ထံတင်ပြပြီးဖြစ်ကြောင်း၊
National PE Seminar
ကျင်းပနိုင်ရေးလုပ်ငန်းလိုအပ်ချက်များ ထပ်မံဖြည့်စွက် ဆွေးနွေးတင်ပြပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးမှ နိဂုံးချုပ် အဆုံးသတ်ဆွေးနွေးပြောကြားရာတွင် ပညာရေးနှင့် အားကစားသည် စွယ်တော်ရွက်ကဲ့သို့ အမြဲတမ်း ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
Beach
တွင် နေထိုင်သောကလေးများကို
Beach
နှင့်ပတ်သက်သောအားကစားနည်းများ ကစားနိုင်စေရန်လည်းကောင်း၊ တောင်တန်းတွင် နေထိုင်သောကလေးများကို တောင်တန်းနှင့်ပတ်သက်သော အားကစားနည်းများကစားနိုင်စေရန်လည်းကောင်း၊ ရေခဲတောင်တွင် နေထိုင်သောကလေးများကို ရေခဲတောင် နှင့်ပတ်သက်သော အားကစားနည်းများကစားနိုင်စေရန်လည်းကောင်း ကြိုးစားနေပါကြောင်း ပြောကြားသွားကြောင်း သိရှိရပါသည်။
8 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display