skip to content

ရန်ကုန် မေလ ၂၃ရက်။

မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် နှစ်(၃၀)ပြည့်အထိမ်းမှတ်၂၀၁၉ခုနှစ် ဥက္ကဌဖလားနွေရာသီသင်တန်းဆင်း တိုက်ကွမ်ဒိုပြိုင်ပွဲအားမေလ(၂၄/၂၅/၂၆)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ယနေ့နံနက်(၆:၃၀)နာရီမှစတင်၍ အတိုက်ကစားသမားများအား ဝိတ်ချိန်စစ်ဆေးခဲ့ပြီး အုပ်ချုပ်သူများ အစည်းဝေးအား နေ့လည်(၁၂:၃၀)တွင် စတင်ခဲ့ပါသည်။
ဆက်လက်၍ သက်တမ်းအလိုက် အတိုက်နှင့်ကကွက်များ ပွဲစဉ်ရေးဆွဲခဲ့ကြပါသည်။
အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကလပ်အသင်း(၂၁)သင်းနှင့် ပြည်နယ်တိုင်းမှ ကယားပြည်နယ်အသင်း၊ ဧရာဝတီအသင်း၊ နေပြည်တော်အသင်းများနှင့် တောင်ငူ အသင်းများ စုစုပေါင်းအသင်း(၂၅)သင်းမှကစားသမားပေါင်း(၁၀၀၀)ကျော် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ ပွဲစဉ်ရေးဆွဲခြင်းအား ယခုထိမပြီးသေးပါ (၁၂:၃၀)နာရီကျော်မှ ပြီးမည်ဟု ခန့်မှန်းပါသည်။

အဖွဲ့ချုပ်မျိုးဆက်သစ်ကစားသမားများစွာ ထွက်ပေါ်လာဖို့ စိတ်မှာရည်သန်လျှက် အသင်းနည်းပြများနှင့် အဖွဲ့ချုပ်မှ နည်းစနစ်ကော်မတီနှင့် ဒိုင်လူကြီးများ မြန်မာ့လက်ရွေးစင်အသင်းမှ နည်းပြနှင့် ကစားသမားများပူးပေါင်း၍ တက်ကြွစွာပါဝင်လှုပ်ရှားကူညီပေးလျှက်ရှိပါသည်။
ထို့အတွက်ကြောင့် ယခုလို ညဉ့်နက်ထိတိုင် ပူးပေါင်းပါဝင်ပေးကြသော အသင်းတာဝန်ခံနည်းပြများ၊ ဒိုင်လူကြီးများ၊ မြန်မာ့လက်ရွေးစင်အသင်းမှ အုပ်ချုပ်သူနည်းပြများ၊ လက်ရွေးစင်
ကစားသမားများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။


back to top Eng