skip to content
 
 
ရန်ကုန်၊ ဇွန်လ(၂၀)ရက်။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သော တိုင်းဒေသကြီးနှင့်ပြည်နယ် အဆင့် ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ရေးနည်းပြ/ဒိုင်(မွမ်းမံ)နှင့် Myanmar Fitness Dance သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်းသင်တန်း ခန်းမ ၌ကျင်းပရာ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ချုပ် ဒုတိယဥက္ကဌများနှင့်အမှုဆောင်များ၊ ဖိတ်ကြားထား သောဧည့်သည်တော်များ၊ သင်တန်းနည်းပြနှင့် သင်တန်းသူများ တက်ရောက် ကြသည်။
 
 
 
ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေး(ကိုယ်စား) ဒုတိယဥက္ကဋ္ဌ ဒေါ်ချိုချိုလွင် က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီးဒုတိယဥက္ကဋ္ဌများနှင့်အမှုဆောင်များက သင်တန်းတွင် ထူးချွန်ပထမဆု၊ ဒုတိယဆု၊တတိယ ဆုနှင့်နှစ်သိမ့်ဆု ရရှိသူများ၊ သင်တန်းနည်းပြ နှင့်ကြီးကြပ်သူများအား အမှတ်တရဂုဏ်ပြု လက်ဆောင်များပေးအပ်ခဲ့သည်။ 
 
 
ဆက်လက်၍သင်တန်းဆင်း သင်တန်းသူများက ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း သရုပ်ပြသကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြောင်းသိရှိရသည်။

back to top Eng