Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
မြန်မာအင်တာနေရှင်နယ်ဆီရီး၂၀၁၉ ကြက်တောင်ရိုက်ပြိုင်ပွဲ နောက်ဆုံးနေ့နှင့် ဗိုလ်လုပြိုင်ပွဲ ဆုပေးပွဲများကျင်းပ
ရန်ကုန်၊ စက်တင်ဘာလ (၁၅)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏စီစဉ်မှုဖြင့် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်နှင့်မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ပူးပေါင်း၍ မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် မြန်မာအင်တာနေရှင်နယ်ဆီးရီး၂၀၁၉ ကြက်တောင်ရိုက်ပွဲ နောက်ဆုံးနေ့နှင့် ဗိုလ်လုပြိုင်ပွဲဆုပေးပွဲများကို ယနေ့နေ့လယ်(၁)နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ကျုံးကြီးလမ်းရှိ အမျိုးသားကြက်တောင်အားကစားရုံ၌ကျင်းပရာ ဗိုလ်လုပွဲနှင့်ဆုပေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ၀င် ကာကွယ်ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်ချုပ် မြင့်နွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ၀န်ကြီးများနှင့် တာ၀န်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ပိုင်နှင့်အမှုဆောင်များ၊ ကြက်တောင်အားကစား၀ါသနာရှင်များတက်ရောက်ကြည့်ရှုအားပေးကြသည်။
ယနေ့ဗိုလ်လုပြိုင်ပွဲများအဖြစ် အမျိုးသား/အမျိုးသမီး
Mixed
ပြိုင်ပွဲတွင် တရုတ်တိုင်ပေအသင်းက ထိုင်းအသင်းကို (၂၁-၁၃)မှတ်၊ (၂၁-၁၄)မှတ်ဖြင့် (၂)ပွဲပြတ်အနိုင်ရရှိပြီး ဆုပေးပွဲကိုကျင်းပရာ ပထမဆုရရှိသည့် တရုတ်တိုင်ပေအသင်း၊ ဒုတိယဆုရ ထိုင်းအသင်းနှင့် ပူးတွဲတတိယဆုရ အင်ဒိုနီးရှားအသင်းနှင့် ထိုင်းအသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှလည်းကောင်း၊ ဂုဏ်ပြုဆုငွေများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများကို ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးတို့မှ အသီးသီးဆုများချီးမြှင့်၍လည်းကောင်း၊ ဆက်လက်ပြီး အမျိုးသားတစ်ဦးချင်း ဗိုလ်လုပြိုင်ပွဲ ဒါမာမာ(အိန္ဒိယ)နှင့် ကာရိုနို (အင်ဒိုနီးရှား)တို့ယှဉ်ပြိုင်ရာ အိန္ဒိယက (၂၁-၁၈)မှတ်၊ (၂၁-၁၄)မှတ်၊ (၂၁-၁၁)မှတ်ဖြင့် ဒါမာမာ(အိန္ဒိယ)က နှစ်ပွဲတစ်ပွဲဖြင့် အနိုင်ရရှိပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပထမဆုရ ဒါမာမာ(အိန္ဒိယ)၊ ဒုတိယဆုရ ကာရိုနို (အင်ဒိုနီးရှား)၊ တတိယဆုရ (အင်ဒိုနီးရှား)တို့အား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို မြန်မာနိုင်ငံအိုလံပစ်ကောင်စီအဖွဲ့၀င် ကာကွယ်ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင်တို့မှဆုများအသီးသီး ချီးမြှင့်၍လည်းကောင်း၊
ဆက်လက်ပြီး အမျိုးသမီး တစ်ဦးချင်းဗိုလ်လုပြိုင်ပွဲကိုကျင်းပရာ တစ်ဦးချင်းဗိုလ်လုပြိုင်ပွဲတွင် ဘာတာရီ(အင်ဒိုနီးရှား)နှင့် ဖက်မာ၀ါဒီ (အင်ဒိုနီးရှား)တို့ ယှဉ်ပြိုင်ကစားရာ (၂၁-၁၆)မှတ်၊ (၂၁-၁၃) မှတ်ဖြင့် ဖက်မာ၀ါဒီ (အင်ဒိုနီးရှား)က နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိပြီးလည်းကောင်း၊ ပြိုင်ပွဲတွင် ပထမ ဖက်မာ၀ါဒီ(အင်ဒိုနီးရှား)၊ ဒုတိယ ဘာတာရီ(အင်ဒိုနီးရှား)နှင့် ပူးတွဲတတိယဆုရ သက်ထားသူဇာ(မြန်မာ)နှင့် ထိုင်းတို့ တစ်ဦးချင်း ဆုတံဆိပ်များ၊ ငွေသားဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ချုပ်အမှုဆောင်တို့မှ ဆုများအသီးသီးချီးမြှင့်၍လည်းကောင်း၊ ဆက်လက်ပြီး အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပြိုင်ပွဲတွင် ထိုင်းအသင်းနှင့် တရုတ်တိုင်ပေအသင်းတို့ယှဉ်ပြိုင်ရာ တရုတ်တိုင်ပေအသင်းက(၂၁-၁၈)မှတ်၊(၂၁-၁၇)မှတ်ဖြင့် အနိုင်ရရှိ၍လည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲဗိုလ်လုပွဲပြိုင်ပွဲတွင် အင်ဒိုနီရှားအသင်းနှင့် ထိုင်းအသင်းတို့ယှဉ်ပြိုင်ရာ အင်ဒိုနီရှားအသင်းက (၂၁-၁၆)မှတ်(၂၁-၁၅ )မှတ်ဖြင့် အသီးသီးအနိုင်ရရှိခဲ့ကြောင်း သိရှိရပါသည်။
10 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display