Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-၁၈ ပြေးခုန်ပစ်ပြိုင်ပွဲများ စတင်ကျင်းပ
နေပြည်တော်၊ အောက်တိုဘာ (၁)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-၁၈ ပြေးခုန်ပစ်ပြိုင်ပွဲများကို ယနေ့နံနက်(၆)နာရီခွဲအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းတွင် စတင်ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှတာ၀န်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
ယနေ့ပြိုင်ပွဲများအဖြစ် မီတာ(၁၀၀၀၀) လမ်းလျှောက် (ကျား)၊ မီတာ(၄၀၀)အပြေး (ကျား/မ)၊ တုတ်ထောက်ခုန် (ကျား)၊ မီတာ (၁၀၀) တန်းကျော်ပြေး(ကျား/မ)၊ လှံတန်ပစ် (မ)၊ မီတာ (၁၀၀x၄) လက်ဆင့်ကမ်း (ကျား/မ)၊ သုံးဆင့်ခုန်(ကျား)၊ တန်းမြင့်ခုန်(မ)၊ မီတာ (၁၀၀) တန်းကျော်ပြေး(ကျား/မ)၊ မီတာ(၄၀၀) (ကျား/မ)၊ မီတာ (၁၅၀၀) (ကျား/မ)၊ သံပြားဝိုင်းပစ်(ကျား)၊ သံလုံးပစ်(မ)၊ မီတာ(၁၀၀x၄) လက်ဆင့်ကမ်း (ကျား/မ) ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပါသည်။
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသား မီတာ(၁၀၀၀၀)ပြိုင်ပွဲတွင် ပထမ စည်သူအောင်(ရှမ်း)၊ ဒုတိယ ဇွဲမာန်ထူး (ပဲခူး)၊ တတိယ စောရှီးရှို(ကယား)၊ အမျိုးသား တုတ်ထောက်ခုန် ပထမ ချစ်သွေးညီ(စစ်ကိုင်း)၊ ဒုတိယ ဆန်းမင်းအောင်(ပဲခူး)၊ တတိယ မင်းထက်ဇော်(ရခိုင်)တို့အား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ခင်မှလည်းကောင်း၊ အမျိုးသား သုံးဆင့်ခုန်ပြိုင်ပွဲတွင် ပထမ လှမျိုးနိုင်(ဧရာ၀တီ)၊ ဒုတိယ ၀ိုင်ထယ်ပိုင်(တနင်္သာရီ)၊ တတိယ ၀င်းမိုး အောင်(ပဲခူး) တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှလည်းကောင်း၊ အမျိုးသမီး မီတာ(၁၀၀)တန်းကျော်ပြေး ပြိုင်ပွဲတွင် ပထမ သက်နှင်းမွှေး(ဧရာ၀တီ)၊ ဒုတိယ အိဖြူ၀င်း(စစ်ကိုင်း)၊ တတိယ သင်းပပထွန်း(တနင်္သာရီ)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှလည်းကောင်း၊ အမျိုးသား မီတာ(၁၀၀) တန်း ကျော်ပြေးပြိုင်ပွဲတွင် ပထမ သာထက်(ဧရာ၀တီ)၊ ဒုတိယ စိုးမိုးအောင်(မကွေး)၊ တတိယ ကျော်လွင်ဦး(မန္တလေး)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ အမျိုးသမီး မီတာ(၄၀၀)အပြေးပြိုင်ပွဲတွင် ပထမ နွေဦးခိုင်ဇင်(တနင်္သာရီ)၊ ဒုတိယ ရီမြား(ကယား)၊ တတိယ ခိုင်ခိုင်မော်(စစ်ကိုင်း)၊ အမျိုးသား မီတာ(၁၅၀၀)အပြေးပြိုင်ပွဲတွင် ပထမ သန်းထိုက်စိုး(ရှမ်း)၊ ဒုတိယ ကျော်ဆွေ(ပဲခူး)၊ တတိယ ပန်းလေး (စစ်ကိုင်း)၊ အမျိုးသမီး မီတာ (၁၅၀၀) အပြေးပြိုင်ပွဲတွင် ပထမ လွီးဇာ(ကယား)၊ ဒုတိယ မိုးသီတာဇော်(ရှမ်း)၊ တတိယ ဇာဇာမျိုး(ဧရာ၀တီ)၊ အ မျိုးသမီး မီတာ(၁၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ဒုတိယ စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ တတိယ ဧရာ၀တီတိုင်းဒေသကြီးအသင်းတို့အား တာ၀န်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲတွင် ၂၀၀၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ နန်းဝေလှိုင်(ရန်ကုန်)မှရရှိခဲ့သော စံချိန် ၁.၄၉ မီတာကိုကျော်လွန်၍ ယခု ပြိုင်ပွဲတွင် မြတ်နိုးသူ(တနင်္သာရီ)မှ စံချိန် ၁.၅၄ မီတာနှင့် ဖြူပြာမြင့်(ဧရာ၀တီ)မှ စံချိန် ၁.၅၄ မီတာဖြင့် စံချိန်သစ်တင်နိုင်ခဲ့ပါသည်။
အမျိုးသား သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ၂၀၀၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ ဒီရဲဝူ(ကချင်)မှရရှိခဲ့သော စံချိန် ၄၂.၁၆ မီတာကိုကျော်လွန်၍ ယခုပြိုင်ပွဲတွင် ဂျေရုမ်း(ကယား)မှ စံချိန် ၄၃.၂၃ မီတာဖြင့် စံချိန်သစ်တင်နိုင်ခဲ့ပါသည်။
အမျိုးသမီးသံလုံးပစ်ပြိုင်ပွဲတွင် ၂၀၀၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ ဂျေမီလီအေး(ကချင်)မှရရှိခဲ့သော စံချိန် ၁၁.၁၄ မီတာကိုကျော်လွန်၍ ယခု ပြိုင်ပွဲတွင် အေးချမ်းဗိုလ်(ပဲခူး)မှ စံချိန် ၁၁.၉၉ မီတာ၊ မှူးကိုဟော(ကယား)မှ စံချိန် ၁၁.၉၄ မီတာ၊ သင်းသင်းစိုး(မန္တလေး)မှ စံချိန် ၁၁.၄၈မီတာဖြင့် စံချိန်သစ်တင်နိုင်ခဲ့ပါသည်။
အမျိုးသမီး လှံတန်ပစ်ပြိုင်ပွဲတွင် ၂၀၁၆ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ ခရစ္စတီးနား(ကယား)မှရရှိခဲ့သော စံချိန် ၃၆.၄ မီတာကိုကျော်လွန်၍ ယခုပြိုင်ပွဲတွင် အေးချမ်းဗိုလ်(ပဲခူး)မှ စံချိန် ၃၈.၇၉ မီတာ၊ အယ်ဖူးမွန်(ကယား)မှ စံချိန် ၃၇.၅၉မီတာနှင့် ကတ်သရင်းမိုးဦး(ကယား)မှ စံချန် ၃၆.၇၅ဖြင့် စံချိန်သစ်တင်နိုင်ခဲ့ပါသည်။
အဆိုပါ ၂၀၁၉ခုနှစ် တို
င်းဒေသကြီးနှင့်ပြည်နယ် U-၁၈ ပြေးခုန်ပစ်ပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်း(၁၅)သင်း၊ အမျိုးသားအားကစားသမားဦးရေ (၂၃၄)ဦး၊ အမျိုးသမီးအားကစားသမားဦးရေ(၁၉၃)ဦး၊ စုစုပေါင်းအားကစားသမားဦးရေ(၄၂၇)ဦးဖြင့် (၁.၁၀.၂၀၁၉)ရက်နေ့မှ (၃.၁၀.၂၀၁၉)ရက်နေ့အထိ ၀ဏ္ဏသိဒ္ဓိအားကစားကွင်းတွင် နေ့စဉ်နံနက်(၆)နာရီခွဲအချိန်မှစတင်ပြီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ပြေးခုန်ပစ်အားကစားနည်းကို စိတ်ပါ၀င်စားသော အားကစား၀ါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို
အခမဲ့
လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
22 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display