skip to content

ရန်ကုန်၊ နို၀င်ဘာလ(၂၄)ရက်။             

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် နို၀င်ဘာလ(၁၈)ရက်နေ့မှ (၂၄) ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သော 17th  Juniors & Women Petanque World Championship 2019 ပြိုင်တွင် မြန်မာနိုင်ငံမှ ခင်ချယ်ရီသက် က အမျိုးသမီးတစ်ဦးချင်း 3rd Place Women Shooting ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်(၃)ဆုတံဆိပ်ကို ရရှိခဲ့သည်။

         

အဆိုပါပြိုင်ပွဲတွင် နိုင်ငံပေါင်း(၅၀)၀င်ရောက်ယှဉ်ပြိုင်ရာ အိမ်ရှင်ကမ္ဘောဒီးယား က ပထမ၊ လာအိုအသင်းကဒုတိယနှင့် မြန်မာအသင်းကတတိယ ၊ အသင်းလိုက် ပြိုင်ပွဲတွင် နိုင်ငံအလိုက်အဆင့်(၉)ရရှိခဲ့ သည်။အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံ ပီတန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးထွန်းနှင့် အောင်ပွဲရအဖွဲ့သည် ယနေ့ နံနက်(၁၁:၁၅) မိနစ်အချိန်က  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊  မြန်မာနိုင်ငံ ပီတန်းအဖွဲ့ချုပ် နာယယ ဦးသိန်း၀င်းနှင့် အတွင်းရေးမှူး ဒေါ်စုသဉ္ဇာခိုင် ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/ သင်တန်းသူများနှင့် မိဘဆွေမျိုးများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။


back to top Eng