နေပြည်တော်၊ဇူလိုင်လ(၅)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက်(၉:ဝဝ)နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ အမျိုးသား(၂)ယောက်တွဲ အသင်းလိုက်အုပ်စု ပြိုင်ပွဲများအဖြစ် ယှဉ်ပြိုင်ရာတွင် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ရခိုင်ပြည်နယ်အသင်းကို (၂:၁) ဖြင့် လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ နေပြည်တော်အသင်းကို (၂:၁) ဖြင့်လည်းကောင်း၊ မွန် ပြည်နယ်အသင်းမှ ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၃:ဝ) ဖြင့်လည်းကောင်း၊ မကွေးတိုင်း ဒေသကြီးအသင်းမှ ချင်းပြည်နယ်အသင်းကို (၃:ဝ) ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းမှ ရှမ်းပြည်နယ်အသင်းကို (၃:ဝ) ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ဧရာဝတီတိုင်းဒေသကြီး အသင်းကို (၃:ဝ) ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲများ အားဆက်လက်ယှဉ်ပြိုင် လျက်ရှိပါသည်။
အဆိုပါပြိုင်ပွဲ၏ ရှုံးထွက်ပွဲစဉ်များကို (၆.၇.၂ဝ၁၈)ရက်နေ့ နံနက် (၉:ဝဝ)နာရီအချိန် တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသူ မိဘပြည်သူများ အနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။