နေပြည်တော်၊သြဂုတ်လ(၁၆)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အာရှစားပွဲတင်တင်းနစ်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ကျင်းပပြုလုပ်သော ၂ဝ၁၈ခုနှစ်၊ (၂၄) ကြိမ်မြောက်အာရှသက်ငယ်တန်း၊ အသက် (၁၈)နှစ်အောက် (Junior)နှင့် အသက်(၁၅) နှစ်အောက် (Cadet) စားပွဲတင်တင်းနစ် ပြိုင်ပွဲ ကို ယနေ့နံနက်(၉:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပပြုလုပ်ရာ အမျိုးသား /အမျိုးသမီး (Junior) တစ်ဦးချင်းပြိုင်ပွဲများ၊ နှစ်ယောက်တွဲပြိုင်ပွဲများ၊ အသင်းလိုက်ပြိုင်ပွဲများ၊ အမျိုးသား /အမျိုးသမီး (Cadet) တစ်ဦးချင်းပြိုင်ပွဲများ၊ နှစ်ယောက်တွဲပြိုင်ပွဲများနှင့် အသင်းလိုက် ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
သြဂုတ်လ(၁၃)ရက်နေ့မှ (၁၈)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) တွင် နေ့စဉ်နံနက် (၉:ဝဝ) နာရီအချိန်မှစ၍ ပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် စားပွဲတင်တင်းနစ်အားကစားကို စိတ်ပါဝင်စားသူ မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။