Skip to main content
Javascript must be enabled for the correct page display
skip to content
Menu
ဦးစီးဌာန
မြန်မာ့အားကစားသမိုင်းအကျဉ်း
ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ
ဖွဲ့စည်းပုံဇယား
ဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ
စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)
အားကစားကွင်းအားကစားရုံဌာနခွဲ
လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ
အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ
အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ
အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်/မန္တလေး/မော်လမြိုင်/တောင်ကြီး/မုံရွာ/လွိုင်ကော်)
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
Vision, Mission and Objecitves
အဖွဲ့အစည်းများ
အမျိုးသားအားကစားကော်မတီ
မြန်မာနိုင်ငံအား/ကာကော်မတီများ
ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာကော်မတီများ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ
အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ
အာရှအိုလံပစ်ကောင်စီ
အာရှအားကစားအဖွဲ့ချုပ်များ
အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်
လှုပ်ရှားမှုများ
အောင်မြင်မှုမှတ်တိုင်များ
အိုလံပစ်ပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ
ရိုးရာအားကစားနည်းများ
ခြင်းလုံး
ရိုးရာလက်ဝှေ့
မြန်မာ့သိုင်း
ထုတ်စီးထိုး
လွန်ဆွဲ
ပြည်တွင်း
အားကစားလှုပ်ရှားမှုများ
အထိမ်းအမှတ်ပွဲများ
ပြိုင်ပွဲများ
ပြည်တွင်းအားကစားပြိုင်ပွဲများ
အိုလံပစ်ပြိုင်ပွဲများ
နွေရာသီအိုလံပစ်ပြိုင်ပွဲ
ဆောင်ရာသီအိုလံပစ်ပြိုင်ပွဲ
လူငယ်အိုလံပစ်ပြိုင်ပွဲ
အာရှအားကစားပြိုင်ပွဲများ
အာရှအားကစားပြိုင်ပွဲ
အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ
အာရှရုံတွင်းအာကစားပြိုင်ပွဲ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
အားကစားနည်းများ
နည်းစနစ်များ
နည်းပြလက်စွဲစာအုပ်များ
နည်းစနစ်/ဥပဒေစာအုပ်များ
နည်းစနစ်ဗီဒီယိုများ
ကွင်း / ရုံ များ
ကွင်းများ
နေပြည်တော်
ရန်ကုန်
မန္တလေး
မြို့ကြီးများ
ကွင်း/ရုံ အတိုင်းအတာစာအုပ်များ
သတင်းအချက်အလက်များ
ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းကောက်နှုတ်ချက်များ
နေ့စဉ်သတင်းများ
ဗီဒီယိုသတင်းများ
လစဉ်ထုတ်အားကစားသတင်းလွှာ
အားကစားသတင်းကောက်နှုတ်ချက်များ
တင်ဒါ
twitter
youtube
redirect
Share
facebook
googleplus
search
search-form
၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇) နှစ်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
နေပြည်တော်၊ စက်တင်ဘာ(၆)ရက်။
၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားအား ယနေ့ညနေ (၃)နာရီအချိန်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစား နှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အုပ်ချုပ်သူ၊နည်းပြများနှင့် အားကစား သမားများတက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက်နေရာယူပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့် အမှာစကားပြောကြားရာတွင် မြန်မာ့ဘောလုံးအားကစားကို အရှေ့တောင်အာရှနဲ့ အာရှဒေသနယ်ပယ်မှာ အောင်မြင်စွာရပ်တည်နိုင်ရေးဟာ ပြည်သူတစ်ရပ်လုံးရဲ့ လိုလားချက်ဖြစ်သည်နှင့်အညီ မိမိတို့ဝန်ကြီးဌာနရဲ့ ရည်မှန်းချက်တစ်ရပ်ဖြစ်ကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံခိုင်ရေးနှင့် ပြည်သူတစ်ရပ်လုံးအားကစားကို စိတ်ဝင်စားလာစေပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို စီမံချက်ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးမှ ဘောလုံးအားကစားသမား များအချင်းချင်း သွေးစည်းညီညွှတ်မှုစိတ်ဓါတ်နှင့် ထူးချွန် ထက်မြက်တဲ့ လူငယ်သွေးသစ်ဘောလုံး အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး သက်တမ်းအလိုက် အားကစားပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် ရွေးချယ်ခံရသော သွေးသစ်လူငယ်တွေဟာ နောင်တစ်ချိန်မှာ မြန်မာ့လက်ရွေးစင် လူငယ်ဘောလုံးအသင်းက ရွေးချယ် လေ့ကျင့်ကာ နိုင်ငံ့ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်တဲ့အထိ အောင်မြင်မှုရရှိနိုင်မှာဖြစ်ကြောင်း၊ ယခုပြိုင်ပွဲတွင် ထူးချွန်ထက်မြက်သော ဘောလုံး အားကစားသမားများ ပေါ်ထွက်လာလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမား လူငယ်အပေါင်းတို့ဟာ မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်တဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်ရဲ့ဂုဏ်ကို မြှင့်တင်ပြီး အားကစားသမားစိတ်ဓါတ် အပြည့်အဝဖြင့် သန့်ရှင်းစွာယှဉ်ပြိုင်သွားကြပါလို့ တိုက်တွန်း မှာကြားရင်း ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ကို ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် အားကစားသမားများအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ရခိုင်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
ဆက်လက်၍ ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း(၁)နှင့်(၃)တို့တွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ အသင်း(၁၅)သင်း၊ အားကစားသမား(၂၆၉)ဦးတို့သည် (၆.၉.၂ဝ၁၈) ရက်နေ့ မှ(၂ဝ.၉.၂ဝ၁၈)ရက်နေ့အထိ် အသီးသီးယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။
10 reads
back to top
Share this!
Eng
Javascript must be enabled for the correct page display