တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ညနေက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပရာ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၆/၁၊၃/၆၊၇/၆ ဖြင့် အနိုင်ရရှိပြီး တံခွန်စိုက် ဆုဖလားရရှိသွားသည်။ ပြိုင်ပွဲများအပြီး အမျိုးသမီး၊ အမျိုးသားတစ်ဦးချင်း၊ အမျိုးသား၊အမျိုးသမီး နှစ်ယောက်တွဲ၊အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲ၊ အမျိုးသား/အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အကောင်းဆုံးအမျိုးသား အားကစားသမားဆုရ ဝင်းမျိုးကျော်(ရန်ကုန်တိုင်း) နှင့် အကောင်းဆုံးအမျိုးသမီးအားကစား သမားဆုရ အိဖြူ(မန္တလေးတိုင်း) တို့အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးသန်းလွင် ၊ ဒုတိယဥက္ကဌ ဦးဇော်ထိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ငွေသားဆုများပေးအပ်ချီးမြှင့်ကြပြီး အမျိုးသား+အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ ချင်းပြည်နယ်မှ မောင်ကျုံလျန်းမန်+ မကျိန်တူးပ်မာန်တို့ကို ချင်းပြည်နယ်အစိုးရမှ ငွေကျပ်သုံးသိန်းကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇိုပါမောင် က ချီးမြှင့်သည်။