ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ Video Conferencing ဖြင့် စီရင်ချက်များ ချမှတ်

11-12-2020 News1
11-12-2020 News2
11-12-2020 News3

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာပြီးဖြစ်သော မှုခင်းများကို ယနေ့နံနက် ၀၉:၃၀ အချိန်က Video Conferencing ဖြင့်စီရင်ချက်များ ချမှတ်ခဲ့သည်။

စီရင်ချက်များကို ရုံးခန်းအမှတ် (၂) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသည့် ဦးမျိုးတင့်၊ ဦးစိုးနိုင်နှင့် ဦးခင်မောင်ကြည်တို့က ရာဇဝတ်ဆိုင်ရာအမှု (၄) မှု၊ တရားမဆိုင်ရာအမှု (၆) မှုနှင့် စာချွန်တော်ဆိုင်ရာအမှု (၅) မှုတို့ကို ချမှတ်ခဲ့သည်။