ဒုတိယအကြိမ် Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ် ပေးအပ်ပွဲ အခမ်းအနားကျင်းပ

20-1-2021 news 1
20-1-2021 news 2
20-1-2021 news 3
20-1-2021 news 4
20-1-2021 news 5
20-1-2021 news 6

နေပြည်တော်၊ ဇန်နဝါရီ ၂၀

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၂)တွင် ဒုတိယအကြိမ် Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် (၀၈း၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး  ဦးမျိုးတင့်က အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်လိုကြောင်း လိုအပ်ချက်များ ပြည့်စုံစွာဖြင့် လျှောက်ထားသူ အထက်တန်းရှေ့နေ (၁၅၆) ဦးကို တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ပါသည်။ ထို့နောက် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။

အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ထုံး/စစ်ဆေးရေး)၊ ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်‌ထောက်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရန် ကြေညာထားသူများအနက် (၂၉၈) ဦး၏ ဝင်ကြေးငွေသွင်းပြေစာနှင့် လွှတ်တော်ရှေ့နေ တံဆိပ်ခေါင်းများ ပေးပို့ရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်ရှေ့နေများ ကောင်စီတို့ ညှိနှိုင်း‌ဆောင်ရွက်ခဲ့ပြီး အဆိုပါ အခမ်းအနား တက်‌ရောက်လိုကြောင်း လျှောက်ထားလာသူများနှင့်  အထက်တန်းရှေ့နေလိုင်စင်မူရင်းများ ပြန်လည်အပ်နှံပြီး ပြည့်စုံသူ (၃၁၁) ဦးအနက် ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနား၌ (၁၅၆) ဦးအား ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ ဆက်လက်၍ (၂၇-၁-၂၀၂၁) ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ထပ်မံ ကျင်းပ မည်ဖြစ်ပြီး ကျန်ရှိသူ (၁၅၅) ဦးအား ထပ်မံပေးအပ်သွားမည်ဖြစ်ပါသည်။