ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် USAID-PRLM တို့ပူးပေါင်း၍ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing ဖြင့် ကျင်းပ

20-6-2020 new1
20-6-2020 new2
20-6-2020 new3
20-6-2020 new4
20-6-2020 new5
20-6-2020 new6

နေပြည်တော် ဇွန် ၂၀

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ မှုခင်းစီမံခန့်ခွဲမှုကော်မတီနှင့် USAID-PRLM မှ တာဝန်ရှိသူတို့သည် ၂၀၂၀ ပြည့်နှစ်တွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်သော ခရိုင်တရားရုံး ၂၅ ရုံး၊ မြို့နယ်တရားရုံး ၁၀၉ ရုံးတို့နှင့် မှုခင်းစီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ယနေ့နံနက် ၀၉း၀၀ နာရီတွင် ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မှုခင်းစီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက   အဖွင့်အမှာစကားပြောကြားပြီး      မှုခင်းစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ လေ့ကျင့်သင်ကြားရေး လုပ်ငန်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားရေးဉီးစီးမှူးများ၊ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ညှိနှိုင်းရေးမှူးများနှင့် သက်ဆိုင်ရာခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ၁-၁-၂၀၂၀ ရက်နေ့၌ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်စတင်အကောင်အထည်ဖော်ဆောင်သည့် ခရိုင်တရားရုံးများ၏ခြေအနေများ၊ ၁-၇-၂၀၂၀ ရက်နေ့တွင် စတင်အကောင်အထည်ဖော်မည့် မြို့နယ်တရားရုံးများ၏ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများ နှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၇-၆-၂၀၂၀ ရက်နေ့တွင် ဆက်လက်ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။